Microsoft Word documents will soon be able to transform into PowerPoint slides.

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

3.3.2021 | မကြာခင်မှာ Microsoft Word Document များအား PowerPoint slide များအဖြစ် ပြောင်းလဲနိုင်တော့မည်ဖြစ် 

Techradar.com မှ တင်ဆက်ထားတဲ့ သတင်းတစ်ပုဒ်အရ Office 365 feature အသစ်တစ်ခုဟာ Microsoft Word document များကို PowerPoint slide များအဖြစ်သို့ မကြာခင်ကာလအတွင်းမှာ ပြောင်းလဲပေးနိုင်တော့မှာဖြစ်ပါတယ်။ 

ကုမ္ပဏီရဲ့ early access program မှာပါဝင်သူများဟာ ယခုအခါမှာ အဆိုပါလုပ်ဆောင်ချက်အား အသုံးပြု၍ ရနိုင်နေပြီဖြစ်ပြီး အဆိုပါ Transform option အသစ်ကို Microsoft Word web client ပေါ်ရှိ File > Transform menu ၏အောက်တွင် တွေ့ရှိနိုင်မှာဖြစ်ပါတယ်။ ထိုအရာအား select ပြုလုပ်လိုက်တာနဲ့ အဆိုပါ feature ဟာ PowerPoint ပေါ်ရှိ Preview နှင့် presentation file ကို OneDrive သို့ပေးပို့ခြင်းမပြုမှီတွင် အသုံးပြုသူများကို presentation တွင် ထည့်သွင်းရန်အတွက် visual style များကို ရွေးချယ်ခိုင်းသွားမှာလည်း ဖြစ်ပါတယ်။  

Transform feature ဟာ လက်ရှိအချိန်မှာ “ကနဦးစမ်းသပ်ဆဲကာလ” တွင်သာရှိနေသေးသော်လည်း Microsoft ကတော့ အဆိုပါ feature ကို အသုံးပြုသူများအားလုံးထံသို့ မကြာမှီတွင်ပေးပို့နိုင်စေဖို့အတွက် မျော်လင့်ထားလျှက်ရှိနေပါတယ်။

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။