Microsoft will shut down LinkedIn in China

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

20.10.2021 | Microsoft မှ တရုတ်နိုင်ငံအတွင်းတွင် LinkedIn website ကို ပိတ်သိမ်းတော့မည်ဖြစ်ကြောင်း ကြေငြာချက်ထုတ်ပြန် 

တရုတ်နိုင်ငံအာဏာပိုင်များရဲ့ အင်တာနက်အသုံးပြုမှုအပေါ် တင်းကြပ်မှုများပိုမိုများပြားလာတဲ့အတွက် အောက်တိုဘာလ ၁၄ ရက်နေ့တွင် Microsoft မှ တရုတ်နိုင်ငံအတွင်းရှိ ၎င်းတို့ပိုင် LinkedIn ရဲ့ local version ကို ပိတ်သိမ်းမှုပြုလုပ်သွားတော့မည်ဖြစ်ကြောင်း ကြေငြာချက်ထုတ်ပြန်ခဲ့ပါတယ်။ 

Censorship ပြုလုပ်ရာ၌ ကမ္ဘာပေါ်တွင် တင်းကြပ်မှုအရှိဆုံးဖြစ်တဲ့ တရုတ်နိုင်ငံအတွင်းတွင် LinkedIn ဟာ လက်ရှိအချိန်အထိ တရုတ်နိုင်ငံအတွင်းတွင် ဆက်လက်၍ operate ပြုလုပ်နိုင်နေတဲ့ တစ်ခုတည်းသော အမေရိကန်အခြေစိုက် social network platform တစ်ခုဖြစ်ပါတယ်။ အခြားသော social media platform များနဲ့ website များဖြစ်တဲ့ Twitter နဲ့ Facebook တို့ကိုတော့ တရုတ်နိုင်ငံအတွင်းတွင် တားမြစ်မှုများ ပြုလုပ်ထားသည်မှာ ဆယ်စုနှစ်တစ်ခုခန့်ကြာမြင့်ခဲ့ပြီဖြစ်ပြီး Google ကတော့ ၎င်းတို့ရဲ့ operate ပြုလုပ်နေမှုများကို ၂၀၁၀ ခုနှစ်မှစ၍ ရပ်ဆိုင်းခဲ့ပါတယ်။ 

Microsoft ရဲ့ ပြောကြားချက်အရ “၎င်းတို့ဟာ LinkedIn ကို တရုတ်နိုင်ငံအတွင်း operate ပြုလုပ်ဖို့ ပိုမိုခက်ခဲလာပြီး လိုက်နာရမည့် စည်းကမ်းချက်များ သိသိသာသာကို ပိုမိုများပြားလာသည့်အတွက်” ရပ်နားလိုက်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ သိရှိရပြီး ထိုအစား Microsoft မှ LinkedIn ကဲ့သို့ social media လုပ်ဆောင်ချက်များ ပါဝင်မှာမဟုတ်တဲ့ InJobs လို့အမည်ပေးထားတဲ့ အလုပ်အကိုင်ရှာဖွေရေး site တစ်ခုကို တရုတ်နိုင်ငံတွင် launch ပြုလုပ်သွားမှာဖြစ်တယ်လို့  သိရှိရပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။