Microsoft will fully reopen its headquarters at the end of February

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

23.2.2022 | Microsoft ရုံးချုပ်ကို ဖေဖော်ဝါရီလကုန်တွင် အပြည့်အဝပြန်လည်ဖွင့်လှစ်သွားမည်ဟု ကြေငြာ 

Microsoft ဟာ ၎င်းတို့ရဲ့ ရုံးချုပ်တည်ရှိရာ Washington state အတွင်းရှိ ရုံးခန်းများကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ရန် စီစဉ်လျှက်ရှိနေကြောင်း ကြေငြာမှုတစ်ရပ်ကို ပြလုပ်ခဲ့ပါတယ်။ 

၂၀၂၁ ခုနှစ်အတွင်းတွင် ကုမ္ပဏီရဲ့ ရုံးခန်းပြန်လည်ဖွင့်လှစ်ရေးအစီအစဉ်များကို ကြိမ်ဖန်များစွာရွှေ့ဆိုင်းမှုပြုလုပ်ခဲ့ရပြီး ၂၀၂၁ ခုနှစ် စက်တင်ဘာလတွင်တော့ ထပ်မံ၍ ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းမှုပြုလုပ်ခဲ့ရသော်လည်း ယခုအခါ တိကျတဲ့ နေ့စွဲတစ်ခုကို Microsoft က ကြေငြာမှုပြုလုပ်လိုက်တာပဲဖြစ်ပါတယ်။ 

အလားတူပဲ - “ကယ်လီဖိုးနီးယားပြည်နယ်ရှိ ကုမ္ပဏီရဲ့ Bay Area ရုံးခန်းများကိုလည်း ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်သွားမှာဖြစ်ပြီး အမေရိကတိုက်အတွင်းရှိ ကျွန်ုပ်တို့ရဲ့ အခြားသောရုံးခွဲများဟာလည်း အခြေအနေပေါ်မူတည်၍ အသီးသီးပြန်လည်ဖွင့်လှစ်သွားကြဖို့ရှိပါတယ်” ဟူ၍ Microsoft ရဲ့ executive vice president နှင့် chief marketing officer ဖြစ်သူ Chris Capossela က ပြောကြားခဲ့ပါတယ်။  

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။