Microsoft Warns Users about New Tactics Scammers are using 

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

2.8.2021 | လိမ်လည်သူများအသုံးပြုလျှက်ရှိနေတဲ့ နောက်ဆုံးပေါ်နည်းလမ်းများကို Microsoft မှ အသုံးပြုသူများအား သတိပေးခဲ့ 

မကြာသေးမှီက Microsoft မှ သူတို့ရဲ့ Windows Operating System များကို အသုံးပြု၍ ငွေကြေးလိမ်လည်မှုများကို ပြုလုပ်နေသူများရဲ့ နည်းလမ်းအချို့ကို အသုံးပြုသူများထံသို့ အသိပေးကြေငြာချက်တစ်ရပ် ပြုလုပ်ပေးခဲ့ပါတယ်။ ကုမ္ပဏီရဲ့အဆိုအရ Tech-support သတိပေးချက် အတုများမှတဆင့် ရာဇဝတ်မှုကျူးလွန်သူများဟာ Cyber Attack များကို ပြုလုပ်လျှက်ရှိနေပြီး အသုံးပြုသူများရဲ့ ကိုယ်ရေးအချက်အလက်များနဲ့ Credit Card Detail များကို ပေးအပ်လာစေရန် လှည့်ဖျားလျှက်ရှိနေပါတယ်။ 

Cyber ရာဇဝတ်မှုကျူးလွန်သူများမှ နောက်ဆုံးပေါ်အသုံးပြုနေတဲ့ အဆိုပါနည်းလမ်းကတော့ computer screen ပေါ်တွင် ရုတ်တရက် pop-up window တစ်ခုကိုပေါ်လာစေပြီး PC ဟာ တိုက်ခိုက်မှုခံနေရကြောင်းနှင့် ခေါ်ဆိုလိုက်ပါက Call center အတုတစ်ခုသို့ ရောက်ရှိသွားမည့် Tech-support ဖုန်းနံပါတ်များကို ဖော်ပြထားခြင်းပဲဖြစ်ပါတယ်။ အဆိုပါနေရာသို့ တယ်လီဖုန်းခေါ်ဆိုလိုက်သည်နှင့် အသုံးပြုသူများကို အမှန်တကယ်လိုအပ်မှုမရှိတဲ့ ကူညီမှုများအတွက် ငွေကြေးလိမ်လည်တောင်းခံမှုများကို ပြုလုပ်လျှက်ရှိနေကြောင်း သိရှိရပါတယ်။ 

Microsoft Digital Crimes Unit Asia တွင် Assistant General Counsel, Regional Lead အဖြစ် တာဝန်ထမ်းဆောင်လျှက်ရှိတဲ့ Mary Jo Schrade ရဲ့ blog post တစ်ခုတွင် ရေးသားထားချက်အရ “Tech-support ဟန်ဆောင်၍ လိမ်လည်မှုများဟာ ယခင်ကကဲ့သို့ ရုတ်တရက်ဖုန်းခေါ်ဆို၍ အကြောင်ရိုက်ခြင်းများမှ ပိုမိုရှုပ်ထွေးပြီး အစစ်နဲ့ပိုမိုတူလာတဲ့နည်းလမ်းများဖြစ်တဲ့ professional ဆန်တဲ့ပုံစံပေါက်သော pop-up များကိုအသုံးပြုကာ User များက သူတို့ရဲ့ call center အတုများထံသို့ အလိုအလျှောက် ဆက်သွယ်လာကြစေရန်အတွက် စီမံပြုလုပ်လာကြပြီဖြစ်ပါတယ်။” ဟူ၍ ရေးသားထားခဲ့ပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။