Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။
Express UK မှ နိုဝင်ဘာလ ၃၀ရက်နေ့တွင် ရေးသားထားခဲ့တဲ့ ဆောင်းပါးတစ်ပုဒ်အရ “Microsoft Teams” ဟာ ကြီးမားသောပြောင်းလဲမှုများကို ပြုလုပ်လျှက်ရှိနေပြီး နိုဝင်ဘာလ ၃၀ ရက်နေ့တွင် Microsoft Teams ရဲ့ web based version များဟာ IE11 တွင် Operate ပြုလုပ်ခြင်းအား ရပ်တန့်ခဲ့ပြီပဲဖြစ်ပါတယ်။
အကယ်၍ သင်ဟာ Internet Explorer ကို အသုံးပြုနေသူတစ်ဦးဖြစ်ပြီး “Microsoft Teams” ကို အသုံးပြုရန် လိုအပ်ပါက သင့်အနေနဲ့ Microsoft Edge Browser ကို ပြောင်းလဲ၍ အသုံးပြုရတော့မှာဖြစ်ပါတယ်။ Microsoft မှ ယခုနှစ် အစောပိုင်းတွင် ကြီးမားသော Microsoft Teams ၏ အပြောင်းအလဲများကို ကြေငြာပေးခဲ့ပြီး ဒီအရာဟာ Internet Explorer အသုံးပြုသူများကို Microsoft Edge အား ပြောင်းလဲအသုံးပြုရန်အတွက် စီစဉ်နေသောအစီအစဉ်ရဲ့ အစိတ်အပိုင်းတစ်ခုပဲဖြစ်ပါတယ်။
Microsoft Teams ရဲ့ support ကို နိုဝင်ဘာလကုန်တွင် ရရှိနိုင်တော့မှာ မဟုတ်တဲ့အပြင် Microsoft 365 ဝန်ဆောင်မှုများကိုလည်း အနာဂါတ်တွင် Internet Explorer ပေါ်တွင် တွေ့မြင်ရတော့မှာမဟုတ်ပါဘူး။ ၂၀၂၁ ခုနှစ်၊ ‘ဩဂုတ်လ ၁၇ ရက်နေ့တွင် ကျန်ရှိနေသေးသော Microsoft 365 ဝန်ဆောင်မှုများဟာလည်း IE11 ပေါ်တွင် Operate ပြုလုပ်ခြင်းကို ရပ်တန့်သွားတော့မှာပဲဖြစ်ပါတယ်။ ဒီအပြောင်းအလဲများကို Microsoft ရဲ့ blogpost တစ်ခုတွင် ရေးသားထားခဲ့ပြီး အသေးစိတ်ကိုတော့ link ကို နှိပ်၍ ဝင်ရောက်ဖတ်ရှုကြည့်နိုင်ပါတယ်။
သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။