Microsoft said Russian-based hackers responsible for SolarWinds cyber-attack is now targeting many organizations

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

3.6.2021 | SolarWinds cyber-attack နောက်ကွယ်မှ Russia နိုင်ငံအခြေစိုက် Hacker အဖွဲ့ဟာ ယခုအခါတွင် များစွာသော အဖွဲ့အစည်းများကို ပစ်မှတ်ထားလျှက်ရှိနေကြောင်း Microsoft မှ ပြောကြား

Business Insider မှ သတင်းတစ်ပုဒ်အရ SolarWinds cybersecurity တိုက်ခိုက်မှု၏နောက်ကွယ်မှ Hacker အဖွဲ့ဟာ ယခုအခါတွင် အစိုးရပိုင်းဆိုင်ရာ အေဂျင်စီများ၊ အကြံပေးလုပ်ငန်းများ၊ အတိုင်ပင်ခံလုပ်ငန်းများနှင့် အခြား အစိုးရနှင့်သက်ဆိုင်ခြင်းမရှိတဲ့အဖွဲ့အစည်းများကိုပါ ပစ်မှတ်ထားလာကြောင်းကို Microsoft မှ မေလ ၂၇ ရက်နေ့တွင် ပြောကြားသွားခဲ့ပါတယ်။ 

အဆိုပါ Nobelium အမည်ရ ရုရှားနိုင်ငံအခြေစိုက် Hacker အဖွဲ့ဟာ ယခုအခါတွင် မတူညီတဲ့ အဖွဲ့အစည်းပေါင်း ၁၅၀ ခန့်မှ e-mail အကောင့်ပေါင်း ၃၀၀၀ ခန့်ကို ပစ်မှတ်ထားလျှက်ရှိနေကြောင်းကို Microsoft ရဲ့ သုံးစွဲသူလုံခြုံရေးနှင့် ယုံကြည်မှုဆိုင်ရာ ဒုတိယအကြီးအကဲဖြစ်သူ Tom Burt မှ blogpost တစ်ခုတွင် ရေးသားခဲ့ပါတယ်။ 

Microsoft ရဲ့ ပြောဆိုချက်အရ Nobelium ဟာ အဆိုပါတိုက်ခိုက်မှုများကို United States Agency for International Development (USAID) မှ အသုံးပြုနေသည့် Constant Contact ဟု ခေါ်ဆိုသော email marketing အကောင့်အတွင်းသို့ ဖောက်ထွင်းဝင်ရောက်၍ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ထို့နောက်တွင်မှ အစစ်အမှန်နှင့် ခွဲခြားမရသော်လည်း Malicious Content များပါဝင်နေသည့် Phishing email များကို ထိုမှတဆင့် ထပ်မံပေးပို့နေခြင်းဖြစ်ပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။