Microsoft’s Xbox Game Pass service grows to 25 million subscribers

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

31.1.2022 | Microsoft ရဲ့ Xbox Game Pass ဝန်ဆောင်မှုကို subscribe ပြုလုပ်သူဦးရေ ၂၅ သန်းအထိ တိုးမြင့်လာခဲ့

Microsoft ရဲ့ Xbox Game Pass ကို subscriber ပြုလုပ်သူဦးရေဟာ ၂၅ သန်းသို့‌ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ ဒါဟာ ယခင် ၂၀၂၁ ခုနှစ် ဇန်နဝါရီလအတွင်း ထုတ်ပြန်ကြေငြာခဲ့တဲ့ subscriber ဦးရေ ၁၈ သန်းမှ (၁) နှစ်အတွင်း subscribe ပြုလုပ်သူစုစုပေါင်း ၇ သန်းခန့် ပိုမိုတိုးပွားလာခဲ့တာဖြစ်ပါတယ်။ 

Xbox Game Pass ဆိုတာကတော့ “video game များအတွက် Netflix” ဟု တင်စားခေါ်ဝေါ်ထားသကဲ့သို့ပင် မိမိတို့နှစ်သက်ရာ game များကို download ပြုလုပ်၍ ဆော့ကစားနိုင်သည့် ဝန်ဆောင်မှုတစ်မျိုးဖြစ်ပြီး Microsoft မှ ၎င်းတို့ရဲ့ဝန်ဆောင်မှုကို ပိုမို၍တိုးချဲ့မှုများပြုလုပ်လာတာနဲ့အမျှ subscriber အသစ်များကိုလည်း ပိုမို၍ဆွဲဆောင်နိုင်စွမ်းရှိလာနေပါတယ်။ Microsoft ရဲ့ subscriber ဦးရေ များပြားမှုရှိလာလေလေ Xbox Game Pass ပေါ်တွင် ရရှိနိုင်မည့် Game title များဟာလည်း ပိုမို၍ များပြားလာလေလေပဲဖြစ်ပါတယ်။ 

အဆိုပါ subscriber ဦးရေ ၂၅ သန်းသို့ ရောက်ရှိလာခြင်းကို ထုတ်ပြန်ကြေငြာမှုပြုလုပ်ခြင်းနှင့်အတူ Microsoft ဟာ Activision Blizzard ကို ကန်ဒေါ်လာ ၆၈.၈ ဘီလျံဖြင့် ဝယ်ယူမှုပြုလုပ်ရန်လည်း စီစဉ်ထားကြောင်း ထုတ်ဖော်ပြောကြားသွားခဲ့တယ်လို့ သိရှိရပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။