Microsoft’s first ever dual screen smartphone: Surface Duo came out!

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

20.9.2020 | Microsoft က ပထမဦးဆုံးထုတ်လုပ်လိုက်တဲ့ မျက်နှာပြင်နှစ်ခုပါဝင်တဲ့ smartphone: Surface Duo ဟာ ထွက်ရှိလို့လာခဲ့ပြီဖြစ်ပါတယ်။ 

Microsoft က ပထမဦးဆုံးအနေနဲ့ထုတ်လုပ်လိုက်တဲ့ မျက်နှာပြင်နှစ်ခုပါဝင်တဲ့ smartphone ဟာ ထွက်ရှိလို့ လာခဲ့ပြီပဲဖြစ်ပါတယ်။ ထိုအရာကို “Surface Duo” လို့ အမည်ပေးထားပြီး အမေရိကန်ဒေါ်လာ ၁၃၉၉ ကျပ်နဲ့ မှာယူ၍ရနေပြီပဲဖြစ်ပါတယ်။ 

အဆိုပါဖုန်းတွင် 5.6 လက်မ OLED screen ၂ ခုပါဝင်ပြီး resolution ကတော့ 1800 x 1350 pixels ရှိပါတယ်။ အဆိုပါ screen များကို 360 ဒီဂရီလှည့်၍ရနိုင်တဲ့ ပတ္တာ ၂ခုနဲ့ချိတ်ဆက်ထားတာဖြစ်ပြီး စာအုပ်တစ်အုပ်ကဲ့သို့ အဖွင့်အပိတ်လုပ်နိုင်သလို၊ screen ၂ ခုကို ကျောချင်းကပ်သည်အထိ လှည့်၍လည်းရနိုင်မှာဖြစ်ပါတယ်။ Surface Duo ကို ဖုန်းတစ်လုံးလို့ခေါ်ဖို့ရာမှာ အလွန်ကြီးမားနေပါတယ်။ အဆိုပါ Surface Duo ကို Surface Neo ဆိုတဲ့ screen ၂ ခုပါဝင်သော Tablet/ ဖုန်းနဲ့အတူ ကြော်ငြာသွားခဲ့တာဖြစ်ပြီး ထိုအရာကိုတော့ Android ထက် Windows version မျက်နှာပြင် ၂ ခုပါဝင်တဲ့ device တစ်ခုအနေနဲ့ ထုတ်လုပ်ခဲ့တာပဲဖြစ်ပါတယ်။ 

Surface Duo တွင် 6GB RAM, Snapdragon 855 processor နဲ့ 3577mAh ဘက်ထရီတို့ပါဝင်မှာဖြစ်ပြီး အဆိုပါအရာကို 128GB နဲ့ 256GB အမျိုးအစား ၂ မျိုးနဲ့ ရရှိနိုင်မှာပဲဖြစ်ပါတယ်။ အသုံးပြုသူက ပတ္တာကို ဘယ်လိုထားသလဲဆိုတာအပေါ်မူတည်ပြီး အရှေ့ကင်မရာရော၊ အနောက်ကင်မရာပါဖြစ်လာနိုင်တဲ့ 11 megapixels ရှိတဲ့ ကင်မရာတစ်လုံးလည်းပါဝင်မှာဖြစ်ပါတယ်။ အသုံးပြုသူကို fingerprint scanner နဲ့ အတည်ပြုပေးနိုင်မှာဖြစ်ပြီး Surface pen နဲ့လည်း တွဲဖက်အသုံးပြု၍ရနိုင်မှာဖြစ်ပါတယ်။ Port အနေနဲ့ ကတော့ အားသွင်းဖို့အတွက် Type-C USB port တစ်ခုသာပါဝင်မှာဖြစ်ပါတယ်။ 

Surface Duo ရဲ့ တစ်ခုတည်းသောအားနည်းချက်ကတော့ ပတ်လည်အသံစနစ် (surround sound system) ကို စပီကာတစ်လုံးတည်းပါဝင်တဲ့အတွက်ကြောင့် ထောက်ပံ့ပေးနိုင်မှာမဟုတ်တာပါပဲ။ ဒါပေမယ့်လည်း ဒီအားနည်းချက်ဟာ အဆိုပါ device ကို ကိုင်လို့ရတဲ့ပုံစံအနေအထားများစွာရှိနေတဲ့အတွက် ထိုသို့ surround sound system ကို ထောက်ပံ့ပေးနိုင်ခြင်းမရှိတာဟာ နားလည်ပေး၍ရနိုင်တဲ့ အားနည်းချက်တစ်ခုပဲဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီသို့ရရှိအောင်ပြုလုပ်နိုင်ဖို့မှာ လွန်စွာခက်ခဲမှာဖြစ်လို့ပါပဲ။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။