Microsoft’s Annual Build Developer Conference will take place virtually on May

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

13.4.2022 | Microsoft ရဲ့ Annual Build Developer Conference ကို မေလအတွင်း Virtual ပုံစံဖြင့် ကျင်းပသွားမည်

Microsoft ရဲ့ annual Build developer conference ကို ၂၀၂၂ ခုနှစ်တွင် virtual ပွဲတစ်ပွဲအနေနဲ့ ပြန်လည်ဖွင့်လှစ်ပေးသွားတော့မှာဖြစ်ပါတယ်။ ယခင်က ပြုလုပ်ခဲ့ဖူးတဲ့ ပွဲများကဲ့သို့ပင် ယခုနှစ်ရဲ့ ပွဲကို မေလ ၂၄ ရက်နေ့မှ မေလ ၂၆ ရက်နေ့အတွင်း Online ပေါ်မှတဆင့် ကျင်းပသွားမှာဖြစ်ပါတယ်။ 

Microsoft ဟာ Build ကို developer များ၊ engineer များ၊ IT နည်းပညာရှင်များ၊ ကျောင်းသား/သူများ နှင့် လုပ်ငန်းအသစ်များအနေနဲ့ Microsoft ရဲ့ နည်းပညာများ၊ Windows၊ Office၊ နှင့် အခြားသောနည်းပညာများအကြောင်းကို လေ့လာသိရှိနိုင်ဖို့ရည်ရွယ်၍ နှစ်စဉ် ဦးစီးကျင်းပပေးလျှက်ရှိပါတယ်။ 

ပြီးခဲ့တဲ့နှစ်က ကျင်းပခဲ့တဲ့ Build 2021 တွင် Microsoft မှ Windows 11 အတွက် ကြေငြာမှုများ၊ Microsoft Teams ကို app များတွင် ဖွင့်လှစ်ပေးခဲ့ခြင်းနှင့် GPT-3 ကိုအသုံးပြု၍ AI နည်းပညာထည့်သွင်းထားသည့် autocomplete တို့ကို တည်ဆောက်ပေးခဲ့ပါတယ်။ ယခုနှစ်မှာလည်း အလားတူစိတ်လှုပ်ရှားစရာ နည်းပညာအသစ်တွေကို Micrsoft မှ ကြေငြာမှုပြုလုပ်သွားမလားဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရပါဦးမယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။