Microsoft patented a bending phone with three displays.

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

15.4.2020 | မိုက်ခရိုဆော့ဖ်မှ ရုပ်သံဖန်သားပြင် ၃ခုပါဝင်သော ခေါက်နိုင်၊ ကွေးနိုင်သည့်ဖုန်းတစ်မျိုးတီထွင်ခဲ့ပါသည်။

စိတ်ဝင်စားဖို့ကောင်းသည်မှာ ထိုဖန်သားပြင်များမှာ အရွယ်အစားတူညီသည့် ဖန်သားပြင် ၃ခုမဟုတ်ပဲ ဖန်သားပြင် အကြီး၂ခုအား အသေးတစ်ခုဖြင့်ဆက်ထားပြီး မျက်နှာပြင်တစ်ညီတည်းဖြစ်အောင်‌ထုတ်လုပ်ထားခြင်းဖြစ်ပါသည်။

Microsoft Surface Duo သည် ခေါက်၍ ချိုး၍ရသော ဖုန်းတစ်ခုဖြစ်ပြီး အဓိကအားဖြင့် ခေါက်၍ရသောဖန်သားပြင်အသေးထက် ဖန်သားပြင်အကြီး၂ခုအပေါ်တွင် ပိုမိုအားပြုထားပါသည်။ သို့သော်တီထွင်သူအသစ်တစ်ဦးမှထင်မြင်ချက်ပေးသည်မှာ Microsoft ၏ အနာဂါတ်ဖုန်းများတွင် ဖန်သားပြင် ၃ခုလုံးအသုံးပြုနိုင်သည့်ဖုန်းများကိုထုတ်လုပ်လာနိုင်ဖွယ်ရှိပြီး Surface Trio ကို ကျွန်တော်တို့ထံသို့ ဆောင်ယူလာနိုင်ဖွယ်ရှိသည်ဟု ပြောကြားခဲ့ပါသည်။

Surface Duo သည် ခေါက်နိုင် ချိုးနိုင်သောဖုန်းများထဲတွင် အကြမ်းခံသည်ဟုယူဆရပါသည်။ သို့သော် ဖန်သားပြင်နှစ်ခု၏ကြားတွင် ပတ္တူတစ်ခုရှိနေပြီး ထိုအရာကြောင့် ဖုန်းအားဖွင့်ထားသည့်အခါတွင် ဖန်သားပြင်နှစ်ခု၏အကြားတွင် ဟ‌နေပါသည်။ Windows မှနောက်ဆုံးတင်ပြချက်များအရ အဆိုပါမျက်နှာပြင်နှစ်ခုကြားတွင်ဟနေသည်အားပြင်ဆင်ရန်အတွက် တတိယဖန်သားပြင်အဖြစ် အလွန်ပါးလွှာသောဖန်သားပြင်တစ်ခုကို ဟနေသော မျက်နှာပြင်နှစ်ခု၏ကြားရှိပတ္တူနေရာတွင်ထည့်သွင်းရန်အတွက် Microsoft ၏ တီထွင်သူအသစ်တစ်ဦးမှအကြံပြုပြောဆိုခဲ့သည်ဟုသိရပါသည်။ ထိုသို့ပြုလုပ်ခြင်းအားဖြင့် မျက်နှာပြင် ၃ခုလုံးသည်အပြစ်အနာအဆာမဲ့ တစ်ပြေးညီရှိနေမည်ဖြစ်ပြီး အလွန်တရာသေးငယ်သောလိုင်းလေးများသာ ဖန်သားပြင်များအကြားရှိနေမည်ဖြစ်ပါသည်။ အဆိုပါ Edge screen ဟုခေါ်တွင်သောအရာသည် စက်ပစ္စည်း၏ ထားသိုမှုအပေါ်မူတည်၍ မတူကွဲပြားသောအချက်အလက်များကိုဖော်ပြနိုင်ရန်အတွက်သတ်မှတ်ထားနိုင်ပါသည်။

တီထွင်သူ (Microsoft) ၏ပုံများအရ edge-screen သည် နှစ်ဖက်မြင်ဖြစ်ပြီး ဖုန်းကိုပိတ်ထားချိန်တွင် သေးငယ်သောမျက်နှာပြင်အရှည်တွင် အချက်အလက်များကိုဖော်ပြနိုင်စွမ်းရှိသကဲ့သို့ ဖုန်းကိုဖွင့်ထားချိန်တွင်လည်း ဖန်သားမျက်နှာပြင်နှစ်ခုအကြားတွင် မျက်နှာပြင်အကျယ်ကိုပို‌မိုကျယ်ပြန့်စေရန်လုပ်ဆောင်မှုပြုလုပ်ပေးပါသည်။ မည်သို့ပင်ဆိုစေ edge-screen တွင် သင်တို့ပုံမှန်အသုံးပြုနေသော screen တစ်ခုတည်းပါဝင်သည့်ဖုန်းများ၏အပေါ်ဆုံးအပိုင်းတွင်ဖော်ပြလေ့ရှိသော ဘက်ထရီအားလက်ကျန်၊ စာတိုအသိပေးချက်များ၊ နာရီ၊ နေ့ရက်၊ ဖုန်းခေါ်ဆိုလာသူ၏ ဖုန်းနံပါတ် အချက်အလက်များ အစရှိသည့်အရာများကိုဖော်ပြထားသည်မှာ အဓိပ္ပါယ်ရှိပြီး ဖုန်းကိုဖွင့်ထားသည့်အချိန်တွင်လည်း Browser Tab များကိုရှာဖွေရန်နှင့် ဖွင့်ထားပြီးသား App သို့မဟုတ် စာရွက်စာတမ်းဖိုင်တစ်ခုခုကို အဓိကဖန်သားပြင် ၂ခုအကြားရွှေ့‌ပြောင်းရန်ပိုမိုလွယ်ကူစေပါသည်။

Microsoft Surface Duo သည် ခေါက်၍ ချိုး၍ရသော ဖုန်းတစ်ခုဖြစ်ပြီး အဓိကအားဖြင့် ခေါက်၍ရသောဖန်သားပြင်အသေးထက် ဖန်သားပြင်အကြီး၂ခုအပေါ်တွင် ပိုမိုအားပြုထားပါသည်။ သို့သော်တီထွင်သူအသစ်တစ်ဦးမှထင်မြင်ချက်ပေးသည်မှာ Microsoft ၏ အနာဂါတ်ဖုန်းများတွင် ဖန်သားပြင် ၃ခုလုံးအသုံးပြုနိုင်သည့်ဖုန်းများကိုထုတ်လုပ်လာနိုင်ဖွယ်ရှိပြီး Surface Trio ကို ကျွန်တော်တို့ထံသို့ ဆောင်ယူလာနိုင်ဖွယ်ရှိသည်ဟု ပြောကြားခဲ့ပါသည်။

 

Unicode






သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။