Microsoft OneDrive app will stop syncing with Windows 7 and 8 on March 1st, 2022

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

10.11.2021 | ၂၀၂၂ ခုနှစ်၊ မတ်လ ၁ ရက်နေ့မှစတင်၍ Windows 7 နှင့် 8 တို့တွင် Microsoft OneDrive app မှ syncing ပြုလုပ်နေခြင်းအား ရပ်တန့်တော့မည်ဖြစ်ကြောင်း ကြေငြာ

Microsoft မှ ပိုမိုများပြားတဲ့သူများကို ၎င်းတို့ရဲ့ Windows version အသစ်များထံသို့ တွန်းပို့နိုင်ရန်အတွက် လုပ်ဆောင်ချက်များကို စတင်အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိနေပြီဖြစ်တယ်လို့ Engadget မှ သတင်းတစ်ပုဒ်အရ သိရှိရပါတယ်။

၂၀၂၂ ခုနှစ်၊ မတ်လ ၁ ရက်နေ့တွင် Microsoft ရဲ့ OneDrive desktop ဟာ တစ်ကိုယ်ရည်သုံး Windows 7, 8 နဲ့ 8.1 ကွန်ပျူတာများနှင့် sync ပြုလုပ်နေခြင်းကို ရပ်တန့်သွားတော့မှာဖြစ်တယ်လို့ ယခုလအစောပိုင်းက ကြေငြာမှုပြုလုပ်ခဲ့ပြီး ၎င်းတို့ရဲ့ OneDrive software အတွက် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့နောက်ပိုင်းမှ စတင်၍ update အသစ်များကို ထုတ်လွှင့်ပေးတော့မှာမဟုတ်ဘူးလို့လည်း သိရှိရပါတယ်။

အသုံးပြုသူများအနေနဲ့ OneDrive website ပေါ်သို့ဝင်ရောက်၍ file များကို manual အနေနဲ့ သွားရောက်၍ လွှဲပြောင်းနိုင်ဦးမှာဖြစ်သော်လည်း older windows version များကို အသုံးပြုထားတဲ့ PC များကို အသုံးပြုနေသူများအနေနဲ့ နေ့စဉ် Cloud ထဲသို့ဝင်ရောက်၍ File များကို ဝင်ရောက်ကြည့်ရှုဖို့လိုအပ်သူများ ဖြစ်ပါက အနည်းငယ်ပိုမို၍ ကရိကထများလာတော့မှာဖြစ်ပါတယ်။

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။