Microsoft Office 2021 will be available on October 5th

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

26.9.2021 | အောက်တိုဘာလ ၅ ရက်နေ့တွင် စတင်ထွက်ရှိလာတော့မည့် Micorosoft Office 2021

Microsoft မှ သူတို့ရဲ့ productivity suite ဖြစ်တဲ့ Office 2021 ကို အောက်တိုဘာလ ၅ ရက်နေ့တွင် Windows 11 နှင့်အတူ တစ်ပါတည်းထုတ်လွှင့်ပေးသွားမှာဖြစ်ကြောင်း ကြေငြာချက်ထုတ်ပြန်ခဲ့ပါတယ်။ ယခင် Office Version များကဲ့သို့ပင် Office 2021 ကို one-time purchase အနေဖြင့် Windows နှင့် MacOS တို့တွင်တစ်ပါတည်းထုတ်လွှင့်ရောင်းချပေးသွားမှာဖြစ်ပါတယ်။ 

မကြာမှီတွင် Microsoft မှ Office 2021 နှင့် စပ်လျှင်း၍ အသေးစိတ်အချက်အလက်များကို ကြေငြာပေးမည်ဟု လည်းကြားသိရပြီး ၎င်းတွင် Office LTSC ဆိုတဲ့ Microsoft မှ Cloud Access မရရှိနိုင်တဲ့ Enterprise Customer များအတွက် ထုတ်လွှင့်ပေးခဲ့သည့် software မူကွဲတစ်ခုတွင် ပါဝင်ပြီးဖြစ်သော တိုးချဲ့မှုများစွာကိုလည်း ထည့်သွင်းပေးထားကြောင်း The Verge မှ သတင်းတစ်ပုဒ်အရ သိရှိရပါတယ်။ 

Accessibility feature များနှင့် Dark Mode Support တို့ဟာလည်း အဆိုပါ တိုးချဲ့မှုများတွင် ပါဝင်လာမှာဖြစ်ပြီး x32 bit နှင့် x64 bit ကွန်ပျူတာ system များအတွက် ထွက်ရှိလာမည့် အဆိုပါ Office 2021 software ကို Microsoft မှ နောက်လာမည့် (၅) နှစ်ခန့်အထိ ဆက်လက်၍ support ပြုလုပ်ပေးသွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။