Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။
Microsoft မှ ပထမဆုံး Halo ဒီဇိုင်းဖြင့် Xbox Series X console ကို ရောင်းချရန်ကြေငြာခဲ့ပြီး ၎င်းကို နိုဝင်ဘာလ ၁၅ ရက်နေ့တွင် စတင်၍ဝယ်ယူနိုင်တော့မှာဖြစ်တယ်လို့ ထုတ်ပြန်ကြေငြာခဲ့ပါတယ်။
အဆိုပါ ကန်ဒေါ်လာအားဖြင့် ၅၄၉.၉၉ ကျသင့်မည့် console ဟာ အမည်းရောင် Metallic နောက်ခံတွင် ရွှေရောင်အစပ်ဖြင့် Halo universe ကို ကိုယ်စားပြုတဲ့ ကြယ် pattern များပါဝင်မှာဖြစ်ပြီး Power ဖွင့်လိုက်သည့်အခါ ကြားရမည့်တီးလုံးကိုလည်း Halo-themed sound သို့ ပြောင်းလဲထားပြီး Xbox Series X ရဲ့ ထိပ်ပိုင်းရှိ ပန်ကာကိုလည်း ပုံမှန်အစိမ်းရောင်မှ အပြာရောင်သို့ ပြောင်းလဲပေးထားပါသေးတယ်။
ဒါဟာ Xbox Series X console အတွက် ပထမဆုံး custom စီးရီးတစ်ခုဖြစ်ပြီး ၎င်းအပြင် Microsoft မှ Halo themed Xbox Elite 2 controller ကိုလည်း ထုတ်လုပ်ရောင်းချသွားဖို့ရှိနေပါတယ်။ အဆိုပါ custom controller ကိုတော့ Metallic အစိမ်းရောင်ဖြင့် တွေ့မြင်ရမှာဖြစ်ပြီး custom case နဲ့ custom D-pad တို့လည်း ပါဝင်လာမှာဖြစ်ကာ ၎င်းကိုတော့ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ကန်ဒေါ်လာ ၁၉၉.၉၉ ဖြင့် ဝယ်ယူနိုင်တော့မှာဖြစ်ပြီး ယခုအခါတွင် ကြိုတင်မှာယူမှုများကို Microsoft ရဲ့ Official website ပေါ်တွင် ပြုလုပ်၍ ရနေပြီပဲဖြစ်ပါတယ်။
သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။