Microsoft is Planning to Launch Windows 11 on June 24, 2021

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

23.6.2021 | ဇွန်လ ၂၄ရက်၊ ၂၀၂၁ ခုနှစ်တွင် Windows 11 အား လွှင့်တင်နိုင်ရန်အတွက် Microsoft မှ ပြင်ဆင်လျှက်ရှိ။ 

Microsoft ဟာ သူတို့ရဲ့ မျိုးဆက်သစ် Windows Operating System ကို ဇွန်လ ၂၄ရက်၊ ၂၀၂၁ ခုနှစ်တွင် လွှင့်တင်နိုင်ရန်အတွက် ပြင်ဆင်လျှက်ရှိနေပါတယ်။ သို့သော် အဆိုပါရက်သို့ မရောက်ရှိသေးမှီတွင်ပဲ Windows 11 ISO နဲ့ ပတ်သက်တဲ့ screenshot များနှင့် ပါဝင်လာမည့်လုပ်ဆောင်ချက်များဟာ online ပေါ်သို့ ပေါက်ကြားခဲ့ပြီပဲဖြစ်ပါတယ်။ 

Microsoft ဟာ “Windows ရဲ့ မျိုးဆက်သစ် OS အကြောင်း” ဇွန်လ ၂၄ ရက်နေ့တွင် ကြေငြာဖို့ပြင်ဆင်ထားခဲ့သော်လည်း Online ပေါ်က leak များက အရင်ထွက်ရှိလာခဲ့တာဖြစ်ပါတယ်။ ပထမတွင် တရုတ်နိုင်ငံအခြေစိုက် Baidu website ပေါ်သို့ screenshot အချို့ တက်လာခဲ့ပြီး မကြာခင်မှာပဲ Windows 11 ISO ကို online ပေါ်သို့ download ပြုလုပ်နိုင်ရန်အတွက် တင်ပေးခဲ့ပါတယ်။ 

များစွာသောအသုံးပြုသူများဟာ Official launch မတိုင်မှီတွင် Windows 11 ISO ဖိုင်ကို အမိအရ download ရယူနိုင်ခဲ့ကြပြီး စမ်းသပ်အသုံးပြုခဲ့ကြပြီးဖြစ်တဲ့အတွက် Windows 11 OS နဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်များဟာလည်း ယခုအခါ Online ပေါ်တွင် ပျံ့နှံ့လျှက်ရှိနေပြီပဲဖြစ်ပါတယ်။ အဆိုပါ Windows 11 တွင် ပြန်လည်ပြင်ဆင်ထားတဲ့ User Interface (UI)၊ Start Menu အသစ်၊ Taskbar ဒီဇိုင်းအသစ်တို့နှင့်အတူ အခြားသောလုပ်ဆောင်ချက်အသစ်များလည်း ပါဝင်လာမှာဖြစ်ပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။