Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။
မကြာသေးမှီက Microsoft ဟာ website တည်ဆောက်ပေးခြင်းလုပ်ငန်းသို့ဝင်ရောက်ရန်အတွက် သူတို့ရဲ့ အကြံအစည်များကို website များဖန်တီးတည်ဆောက်နိုင်မည့် ဝန်ဆောင်မှုကိုကြေငြာလိုက်ခြင်းအားဖြင့် ပြသခဲ့ပါတယ်။
အဆိုပါ tool ဟာ Microsoft ရဲ့ Digital Marketing Center ရဲ့ တစိတ်တစ်ပိုင်းဖြစ်လာမှာဖြစ်ပြီး ကုမ္ပဏီရဲ့ ထုတ်ဖော်ပြောကြားချက်များအရ သူတို့ဟာ “ကုန်ကျစားရိတ်နဲ့ အချိန်မရှိခြင်းတို့ရဲ့ အခက်အခဲများကို ဖယ်ရှား၍ အသေးစားလုပ်ငန်းများအနေနဲ့ သူတို့ရဲ့သက်ဆိုင်ရာလုပ်ငန်းများအတွက် ကိုယ်ပိုင် website တစ်ခုကို အခမဲ့ပိုင်ဆိုင်နိုင်စေရန်အတွက် လွယ်ကူသောဖြေရှင်းနည်း (solution) တစ်ရပ်ဖြစ်စေရန်အတွက် ရည်ရွယ်ထားကြောင်း” ပြောကြားသွားခဲ့ပါတယ်။
အဆိုပါကြေငြာချက်တွင် Microsoft က ဒီ ဝန်ဆောင်မှုအသစ်ဟာ Business Facebook Page (သို့) ရှိပြီးသား ဈေးကွက်ကြော်ငြာရေး campaign များမှ content အများစုကို အလိုအလျှောက် import ပြုလုပ်ပေးနိုင်ပြီး ထို့နောက်တွင် အဆိုပါအချက်အလက်များကိုအသုံးပြုကာ သင့်တော်တဲ့ layout ရှိတဲ့ website တစ်ခုကို အစမှ အဆုံးအထိ တည်ဆောက်ပေးနိုင်မှာဖြစ်ပါတယ်။ ပြီးနောက် ထိုအထဲက content တိုင်းကိုလည်း မိမိတို့စိတ်ကြိုက် လိုအပ်သလို ပြင်ဆင်နိုင်မှာဖြစ်ပြီး သင့် website ကို publish မပြုလုပ်မှီတွင် အခြားသော နမူနာပုံစံ (template) တစ်ခုကို ရွေးချယ်ခြင်းတို့ကိုလည်း ပြုလုပ်နိုင်ဦးမှာဖြစ်တယ်လို့ ဖြည့်စွက်ပြောကြားခဲ့ပါတယ်။
အခမဲ့ website များဖန်တီးနိုင်စွမ်းကို တစ်ကမ္ဘာလုံးမှလူများအနေနဲ့ အသုံးပြု၍ရနိုင်မှာဖြစ်သော်လည်း Microsoft ရဲ့ Digital Marketing Center ကတော့ လက်ရှိအချိန်အတွင်းမှာ သူတို့ရဲ့ website ပေါ်တွင် ရေးသားထားသည့် FAQ များအရ အမေရိကန်နိုင်ငံအတွင်းတွင် advertise ပြုလုပ်နေသော အမေရိကန်နိုင်ငံသားပိုင်လုပ်ငန်းများအတွက်သာ အကူအညီပေးသွားနိုင်ဦးမှာပဲဖြစ်ပါတယ်။
သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။