Microsoft is adding a free built-in VPN to its Edge browser

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

14.5.2022 | အခမဲ့အသုံးပြုနိုင်သော built-in VPN ပါဝင်လာတော့မည့် Microsoft Edge 

Privacy နဲ့ အင်တာနက်အသုံးပြုရာတွင် လုံခြုံမှုရှိစေဖို့အတွက်ရည်ရွယ်၍ Microsoft Edge မှ ၎င်းတို့ရဲ့ Edge browser တွင် အခမဲ့အသုံးပြုနိုင်သော built-in VPN ဝန်ဆောင်မှုကို ထည့်သွင်းပေးသွားတော့မှာ ဖြစ်ပါတယ်။ 

အဆိုပါဝန်ဆောင်မှုကို “Edge Secure Network” ဟု အမည်ပေးထားပြီး လောလောဆယ်တွင် Microsoft က အဆိုပါ Cloudfare ၏ နည်းပညာဖြင့်အသုံးပြုထားသော VPN ဝန်ဆောင်မှုကို စတင်စမ်းသပ်ဆောင်ရွက်မှုများ ပြုလုပ်လျှက်ရှိနေပြီး မကြာမှီတွင် security update ပြုလုပ်ပေးခြင်းနဲ့အတူ အဆိုပါဝန်ဆောင်မှုဟာ အသုံးပြုသူများထံသို့ ရောက်ရှိလာတော့မှာဖြစ်ပါတယ်။ 

အဆိုပါဝန်ဆောင်မှုကို ဖွင့်ထားပါက User များရဲ့ အင်တာနက်ပေါ်တွင်ရှာဖွေသော “web traffic” များနဲ့ အချက်အလက်များကို ISP များထံသို့ ပေးပို့တော့မှာမဟုတ်ပါဘူး။ ဒါ့အပြင် “web browsing” ပြုလုပ်တဲ့အခါ virtual IP address တစ်ခုကို အစားထိုးအသုံးပြုပေးထားတဲ့အတွက် အသုံးပြုသူရဲ့ တည်နေရာအမှန်ကိုလည်း လျှို့ဝှက်ပေးထားနိုင်မှာဖြစ်ပါတယ်။  

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။