Microsoft introduces several hardware innovations and improvements.

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

16.5.2020 | Microsoft ဟာ hardware တီထွင်ဆန်းသစ်မှုများနှင့် ပိုမိုတိုးတက်အောင်လုပ်ဆောင်မှုများကို မိတ်ဆက် ပြသပေးခဲ့ပါသည်။

Microsoft ဟာ hardware တီထွင်ဆန်းသစ်မှုများနှင့် ပိုမိုတိုးတက်အောင်လုပ်ဆောင်မှုများကို Surface Go 2, Surface Book 3, Surface Headphones 2 နှင့် Surface Earbuds များကို ပြသရင်းနှင့် မိတ်ဆက်ပြသပေးခဲ့ပါသည်။ 

Surface Book 3 တွင် 10th generation Intel Core processor များ၊ Nividia GeForce GTX နှင့် Quadro RTX graphics နှင့် 32 GB RAM အထိ ပါဝင်ဖြစ်ပြီး ၁၃” နှင့် ၁၅” မော်ဒယ်များကို ရရှိနိုင် ပါသည်။ ဈေးနှုန်းများမှာ 1599 $ မှ စတင်မည်ဖြစ်ပြီး မေ ၁၅ ရက်နေ့တွင် ရရှိနိုင်မည်ဖြစ်ပါသည်။ Surface Go 2 တွင် 8th generation Intel Core M နှင့် ဈေးတန်သောဈေးနှုန်း 399 $ မှ စတင်မည် ဖြစ်ကာ မေ ၁၂ရက်နေ့မှစတင်ပြီးရရှိနိုင်မည်ဖြစ်ပါသည်။ 

Surface Go 2 ဟာ အလွန်ကောင်းမွန်တဲ့ တန်ကြေးအတိုင်းပြန်လည်ပေးအပ်မှုကို ပေါ့ပါးစွာ ရွှေ့ ပြောင်းရလွယ်ကူသောဒီဇိုင်းနှင့် ပြုလုပ်ပေးအပ်ထားပြီး သင့်ရဲ့ကုမ္ပဏီ ဒါမှမဟုတ် မိသားစုထဲမှ မည်သူမဆိုအတွက် အကောင်းဆုံး device တစ်ခုဖြစ်စေမှာဖြစ်ပါတယ်။ 

Surface Book 3 ဟာ ကျွန်ုပ်တို့ရဲ့ စွမ်းဆောင်ရည်အမြင့်မားဆုံးသော laptop တစ်ခုဖြစ်ပါတယ်။ ထိုအရာကိုနေရာတိုင်းတွင် desktop တစ်လုံးကဲ့သို့ စွမ်းဆောင်ရည်လိုအပ်သော professional များ အတွက် ဒီဇိုင်းရေးဆွဲထားတာဖြစ်ပြီး စွမ်းဆောင်ရည်မြင့်မားတဲ့ workstation တစ်ခုဖြစ်ပါတယ်။ 

Surface Headphones 2 နှင့် Surface Earbuds  များဟာ သင့်ရဲ့ Surface အတွေ့အကြုံကို ပြီး ပြည့်စုံမှုရှိစေရန်နှင့် သင်ဘယ်နေရာသို့ရောက်ရောက် လူများနဲ့ဆက်သွယ်နိုင်ရန်နှင့် အရေးပါသော အရာများကို လုပ်ဆောင်နိုင်ရန် အာရုံစူးစိုက်မှုရရှိစေရန် ကူညီပေးသွားနိုင်မှာဖြစ်ပါတယ်။ Surface Dock 2 နှင့် multi-port (အပေါက်အမျိုးမျိုးပါသော) Microsoft USB-C Travel Hub ဟာ သင်ဘယ်နေရာသို့ရောက်ရောက် အလုပ်လုပ်ရန်အကောင်းဆုံးနေရာတစ်ခုကို set up ပြုလုပ်နိုင်စေရန် သင့်အားကူညီပေးနိုင်ပါတယ်။ 

 

Unicode






သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။