Microsoft has launched an urgent update fixing “Zero Day” vulnerability

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

28.3.2021 | “Zero Day” vulnerability ကို ကာကွယ်နိုင်ရန်အတွက် Microsoft မှ update တစ်ခုကို အရေးတကြီးထုတ်လွှင့်ပေးခဲ့ 

Google Chrome ပြီးလျှင် ဒုတိယလူကြိုက်အများဆုံး web browser တစ်ခုဖြစ်တဲ့ Microsoft Edge အတွက် urgent update တစ်ခုကို Microsoft မှ ထုတ်လွှင့်ပေးလိုက်ပြီပဲဖြစ်ပါတယ်။ အဆိုပါ software ရဲ့ နောက်ဆုံးဗားရှင်းဟာ cyber ရာဇဝတ်မှုကျူးလွန်သူများမှတွေ့ရှိခဲ့ပြီး လက်ရှိတွင်ကမ္ဘာတစ်လွှားရှိ PC အသုံးပြုသူများကို ကျယ်ပြန့်စွာအသုံးပြု၍ တိုက်ခိုက်ခံနေရတဲ့ “Zero Day” vulnerability အမည်ရ အားနည်းချက်အား ပြင်ဆင်နိုင်ရန်အတွက် ဒီဇိုင်းရေးဆွဲထားခြင်းပဲဖြစ်ပါတယ်။ 

“Zero Day” vulnerability ဟု ခေါ်တွင်သော အားနည်းချက်အား သုသေသနပြုလုပ်သူတစ်ဦးမှ ၂၀၂၁ ခုနှစ်၊ မတ်လ ၉ ရက်နေ့တွင် စတင်တွေ့ရှိခဲ့ပြီး Google မှ သူတို့ရဲ့ပြင်ဆင်မှုကို မတ်လ ၁၂ ရက်နေ့တွင်ထုတ်လွှင့်ပေးခဲ့ပါတယ်။ ယခု Microsoft မှလည်း ၂၀၂၁ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့တွင် အဆိုပါအရာအားပြင်ဆင်နိုင်မယ့် software code တစ်မျိုးကို update အဖြစ် ထုတ်လွှင့်ပေးလိုက်ပြီဖြစ်ပြီး ယခုအခါ update ၂ မျိုးလုံးကို browser အသုံးပြုသူများအနေဖြင့် ရယူနိုင်နေပြီပဲဖြစ်ပါတယ်။ 

Microsoft Edge နဲ့ Google Chrome တို့ဟာ Chromium ဟုအမည်ရသော တူညီတဲ့ open-source codebase ဖြင့်တည်ဆောက်ထားတာဖြစ်ပြီး ၂ ခုစလုံးတွင် သီးသန့်ဒီဇိုင်းနှင့် လုပ်ဆောင်ချက်များရှိနေသော်လည်း တူညီတဲ့ browser extension များနဲ့ တူညီတဲ့ web app များကို အသုံးပြု၍ရနိုင်ပါတယ်။ ထို့ကြောင့် အဆိုပါအားနည်းချက်ဟာလည်း ၂ ခုစလုံးတွင်ရှိနေတဲ့အတွက် သင်ဟာ Microsoft Edge (သို့မဟုတ်) Crhome ကိုအသုံးပြုနေသူတစ်ဦးဖြစ်ပြီး သင့်ရဲ့ browser ကိုလုံခြုံမှုရှိချင်တယ်ဆိုပါက သင်အသုံးပြုနေတဲ့ web browser ကို ယခုပဲ update ပြုလုပ်လိုက်ပါ။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။