Microsoft has introduced their new laptop – Surface Laptop Go

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

12.10.2020 | Microsoft က Surface Laptop Go: laptop အသစ်ကို မိတ်ဆက်ပြသခဲ့ 

Microsoft က သူတို့ရဲ့ Surface စီးရီးတွင် အသစ်ထွက်ရှိလာမယ့် Surface Laptop Go ကို ထုတ်ပြန်ကြေငြာ လိုက်ပြီပဲဖြစ်ပါတယ်။ ဒီကြေငြာချက်အရ Surface Laptop Go ကို 549$ နဲ့ ရရှိနိုင်မှာဖြစ်ပြီး မိသားစုဝင်တိုင်း PC တစ်လုံးကိုပိုင်ဆိုင်နိုင်ရေးဆိုတဲ့ Microsoft ရဲ့ရည်မှန်းချက်ဟာ ယခုလိုအခြေအနေမျိုးတွင်ပိုမိုလိုအပ်မှုရှိလာ နေတာဖြစ်တဲ့အတွက် laptop များကို ပိုမိုဈေးသက်သာအောင်ပြုလုပ်ပေးရန်ကြိုးစားခြင်းဟာ ကောင်းမွန်တဲ့အကြံတစ်ခုဖြစ်လာနိုင်ပါတယ်။ 

ဒီ 549$ တန် Surface Laptop Go ဟာ i5 – 1035G1 10th Gen Intel processor, 4GB RAM, နဲ့ 64GB eMMC storage တို့ ပါဝင်လာမှာဖြစ်ပြီး ၁၃နာရီကြာအထိအသုံးပြုနိုင်သလို 0 မှ 80% ကို တစ်နာရီခန့် ပြန်လည်အားသွင်းရုံနဲ့ အားပြန်ပြည့်စေမှာလဲဖြစ်ပါတယ်။ သူနဲ့နာမည်ဆင်တူတဲ့ Google ရဲ့ Pixelbook Go နဲ့ နှိုင်းယှဉ်လိုက်ရင် ဒါ spec များဟာ တော်တော်ကို ပြိုင်ဆိုင်မှုတွေပြင်းထန်လာနိုင်မှာပါ။ Pixelbook Go ဟာဆိုရင် Surface Go ထက် ဒေါ်လာ ၁၀၀ ခန့်ပိုမိုကျသင့်မှာဖြစ်ပြီး 8GB RAM m3 processor, 64GB SSD storage နဲ့ 12 နာရီအသုံးပြုနိုင်မယ့် battery တို့ပါဝင်နေပါတယ်။ ဒါပေမယ့်လဲ Surface Go ရဲ့ i5, 8GB RAM, 128GB မော်ဒယ်ကို Pixelbook နဲ့တူညီသောဈေးနှုန်းဖြစ်တဲ့ 699.99$ နဲ့လည်းဝယ်ယူရရှိနိုင်ပါသေးတယ်။ 

Surface Go တွင် port များပိုမိုပါဝင်လာမှာဖြစ်ပြီး USB-C, USB-A, 3.5mm headphone jack, သူတို့ရဲ့မူပိုင် magnetic charging port တို့ ပါဝင်လာမှာဖြစ်ပါတယ်။ ပထမမျိုးဆက် Surface Laptop များတွင်ကတည်းက ပါဝင်ခဲ့တဲ့ Microsoft ရဲ့ “Omnisonic” စပီကာများကလဲ ကီးဘုတ်ရဲ့အောက်ကနေတဆင့် အသံများကို ထုတ်လွှင့်ပေးနိုင်တဲ့အတွက် Dolby Audio ကို premium အရည်အသွေးအတိုင်း ခံစားနိုင်စေမှာဖြစ်ပါတယ်။

အလူမီနီယံကိုယ်ထည်နဲ့ထွက်ရှိလာမှာဖြစ်တဲ့ Surface Laptop Go ဟာ လှပတဲ့အရောင် ၃ရောင်နဲ့ထွက်ရှိလာမှာ ဖြစ်ပါတယ်။ အရောင်တွေကတော့ silver, gold နဲ့ စတိုင်ကျတဲ့အပြာရောင် Ice Blue တို့ဖြစ်ပြီး အရွယ်အစားအနေနဲ့ကတော့ 12.45 လက်မ 1536x1024 pixel touchscreen display နဲ့သာရရှိနိုင် မှာဖြစ်ပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။