Microsoft has confirmed buying Nuance with $19.7 billion

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

24.4.2021 | Microsoft မှ Nuance အား အမေရိကန်ဒေါ်လာ ၁၉.၇ ဘီလျံဖြင့် ဝယ်ယူလိုက်ပြီဖြစ်ကြောင်း အတည်ပြုခဲ့ 

ပြီးခဲ့တဲ့အပတ်က Microsoft ဟာ Nuance ကိုဝယ်ယူနိုင်ဖို့အတွက် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သတင်းတစ်ပုဒ်တွင် ဖော်ပြပေးခဲ့ဖူးပါတယ်။ ယခုအခါတွင်တော့ နောက်ဆုံးအတည်ပြုချက်အရ Microsoft မှ Nuance အား ရှယ်ယာတစ်ခုလျှင် အမေရိကန်ဒေါ်လာ ၅၆ ကျပ်နှုန်းဖြင့် ဝယ်ယူဖို့ ကြေငြာချက်တစ်ရပ်ကိုထုတ်ပြန်လိုက်ပြီပဲဖြစ်ပါတယ်။ 

အဆိုပါပမာဏဟာ ပြီးခဲ့တဲ့ သောကြာနေ့က နောက်ဆုံးစတော့ရှယ်ယာဈေးကွက်ရှိ ဈေးနှုန်းများထက် ၂၃% ပိုမိုများပြားသောပမာဏဖြစ်ပြီး Nuance တွင် ကြွေးမှီများလည်းရှိနေသေးတဲ့အတွက် အဆိုပါကုမ္ပဏီအားဝယ်ယူနိုင်ရန်အတွက် Microsoft မှ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၉.၇ သန်း ကုန်ကျခဲ့ရပါတယ်။

Nuance ရဲ့ နည်းပညာများဟာ AI speech နယ်ပယ်တွင် Apple ရဲ့ Siri အပါအဝင် များစွာသောကုမ္ပဏီများအတွက် အကူအညီပေးနိုင်ခဲ့ဖူးပါတယ်။ ထို့အပြင် ခန္ဓာကိုယ်ချို့ယွင်းမှုရှိသူများအဖို့ တန်ဖိုးမဖြတ်နိုင်သော နာမည်ကျော်ကြားသည့် personal speech-recognition software တစ်ခုဖြစ်တဲ့ Dragon NaturallySpeaking ကိုလည်းရောင်းချပေးလျှက်ရှိနေပါသေးတယ်။ Microsoft နဲ့ Nuance တို့ရဲ့ ပြောကြားချက်များအရ ဆေးပညာအတွက် ဦးစားပေးဖန်တီးထားသည့် Dragon version များကို ဆေးရုံများရဲ့ ၇၇%၊ ရေဒီယိုကုထုံးပညာရှင်များရဲ့ ၇၅% နှင့် အမေရိကန်နိုင်ငံရှိ ဆေးဝါးပညာရှင်များရဲ့ ၅၅% တို့မှ အသုံးပြုလျှက်ရှိနေပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။