Microsoft Edge is now 2nd most popular desktop browser, beats Firefox

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

14.4.2020 | Microsoft Edge ဟာယခုအခါတွင် ဒုတိယရေပန်းအစားဆုံး Desktop Browser ဖြစ်လာပြီး Firefox အားကျော်တက်သွားပြီဖြစ်ပါသည်။

Google Chrome ဟာ အခြားသော browser အားလုံးထက် သာလွန်စွာကောင်းမွန်ခြင်းရှိပြီး ဈေးကွက်ရဲ့ ၆၈.၅% အားကြီးစိုးထားနိုင်ခြင်းရှိသော်လည်း ပထမဦးဆုံးအကြိမ်အဖြစ် Microsoft Edge ရဲ့ Desktop Version ဟာ Mozilla Firefox အား ဈေးကွက်ရှယ်ယာမှာ ကျော်ဖြတ်သွားပြီဖြစ်ပါတယ်။

Microsoft Edge မှ အသာစီးရမှုမှာ သိပ်တော့များပြားမှုမရှိသေးပါဘူး သို့သော် ထိုအခြေအနေဟာ Firefox ရဲ့ ကျဆုံးလာမှုနဲ့အတူ Microsoft ရဲ့ Chromium-based Edge ဟာ ပိုမိုရေပန်းစားလာတာကိုဖော်ပြလျှက်ရှိပါတယ်။

ယခုအခါတွင် Microsoft Edge သည် Chromium အား အခြေခံလိုက်ပြီဖြစ်တာကြောင့် Chrome Web Store တွငိရရှိနိုင်တဲ့ extension များအားလုံးကို အသုံးပြု၍ရရှိနိုင်သည့် အားသာချက်ရှိပြီး Google Chrome

ကဲ့သို့ပင် ကွန်ပြူတာအားလုံးနှင့် လိုက်လျောညီထွေရှိပြီး စွမ်းဆောင်ရည်များကိုလည်း ပိုမိုမြင့်မားလာစေပါသည်။

ဘီလျံနှင့်ချီသော စက်ပစ္စည်းများတွင် Windows 10 များ အသုံးပြုလျှက်ရှိနေသည့်အတွက် အဆိုပါ စက်ပစ္စည်းများဆီသို့ Windows Update အသစ်မှတစ်ဆင့် New Microsoft Edge အား မကြာခင် မိတ်ဆက်ပေးဖွယ်ရာရှိပါသည်။ Edge ဟာ Firefox အားဖြုတ်ချပြီးနောက် Chrome ရဲ့ဈေးကွက်ဝေစုကိုပါ ဆက်လက်စားသုံးလိမ့်ဦးမလားဆိုတာကိုတော့ ကျွန်ုပ်တို့အားလုံး မျှော်လင့်ထားဖို့ လိုအပ်ပါလိမ့်မယ်။

Unicode





သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။