Microsoft began selling its own wireless headphones

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

26.5.2020 | Microsoft ဟာ သူတို့ရဲ့ကိုယ်ပိုင်ထုတ်လုပ်ထားသော ကြိုးမဲ့နားကြပ် headphone များကို စတင်ရောင်းချ လျက်ရှိပါတယ်။

Microsoft ဟာ Surface Earbuds လို့ခေါ်တဲ့ ကြိုးမဲ့နားကြပ် (headphone) များကို ပြီးခဲ့တဲ့ နွေဦးရာသီက စတင်မိတ်ဆက်မှုပြုလုပ်ခဲ့ပါတယ်။ ယခုအခါတွင် ၎င်းတို့ကို စတိုးဆိုင်များတွင် ရရှိနိုင်ပြီဖြစ်သော်လည်း နိုင်ငံရပ်ခြားတွင်သာ ရရှိနိုင်ဦးမှာပါ။

ဒီ တစ်မူထူးခြားတဲ့ဒီဇိုင်းနဲ့ ကြိုးမဲ့နားကြပ်များဟာ သူတို့ကိုစတင်မိတ်ဆက်မှုတွေပြုလုပ်ပြီး ၇လအကြာမှာ စတင်၍ ရောင်းချမှုများပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ကျွန်ုပ်တို့အတွက် စိတ်မကောင်းစရာအချက်ကတော့ နိုင်ငံရပ်ခြားဈေးကွက်များတွင်သာရောင်းချနေခြင်းပဲဖြစ်ပါတယ်။ ရုတ်တရက်ကြည့်လိုက်လျှင် Surface Earbuds ဟာ နားပေါက်အပြည့်နေရာယူထားတဲ့အဝိုင်းကြီးသဏ္ဍန်ကိုတွေ့ မြင်ကြရမှာပဲ ဖြစ်ပါတယ်။ အခြားသောပြိုင်ဖက်နားကြပ်များနဲ့ မတူညီတဲ့အချက်ကတော့ ၎င်းတို့ဟာ နားတွင်တပ် ဆင်ထားတဲ့အခါမှာ အလွန်သိသာတဲ့အချက်ပါပဲ။

ဒါပေမယ့်ဒီစက်ဝိုင်းသဏ္ဍန်မှာ အလွန်အရေးပါတဲ့ လက်တွေ့လုပ်ဆောင်ချက်တစ်ခုလဲရှိနေပါတယ်။ ၎င်းကြောင့် ဘေးမှအသံများကို ပိုမိုကောင်းမွန်စွာ စစ်ထုတ်နိုင်စေမည့်အပြင် ထိုအရာတွင် လွယ်ကူ စွာလုပ်ဆောင်နိုင်မည့် Touch မျက်နှာပြင်တစ်ခုလည်းပါဝင်ပါသည်။ များစွာသော လက်ဟန်ဖြင့် အမိန့်ပေးခိုင်းစေမှု (gesture) များအပြင် သင်ဟာ အဆိုပါနားကြပ်များကို အသံဖြင့်လည်း အမိန့် ပေးခိုင်းစေနိုင်မှာဖြစ်ပါတယ်။

အလိုအလျောက်ဘာသာပြန်ပေးတဲ့ လုပ်ဆောင်ချက် (function) ဟာလည်း အလွန်အသုံးဝင်ပါတယ်။ ဒီလုပ်ဆောင်ချက်က သင့်ရဲ့အနီးအနားရှိလူများရဲ့အသံများကိုဖမ်းယူပြီး ရွေးချယ်ထားတဲ့ ဘာသာစကားသို့ပြန်ဆိုပေးနိုင်ပါတယ်။ ထိုလုပ်ဆောင်ချက်ဟာ ဘာသာစကား ၆၀ ခန့်ကို အထောက်အပံ့ပြုပေးသွားမှာဖြစ်ပါတယ်။

အမေရိကန်နိုင်ငံတွင် Surface Earbuds များကို ယခုအခါ အမေရိကန်ဒေါ်လာ ၁၉၉ ကျပ်ဖြင့် ဝယ်ယူရရှိနိုင်ပြီဖြစ်ပါသည်။

(Unicode)






သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။