Microsoft announces Office 2021 features and prices

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

6.10.2021 | Microsoft မှ Office 2021 တွင်ပါဝင်လာမည့်လုပ်ဆောင်ချက်များနှင့် ဈေးနှုန်းများကို တရားဝင်ကြေငြာခဲ့

Microsoft မှ Office 2021 ကို အောက်တိုဘာလ ၅ ရက်နေ့တွင်စတင်ထုတ်လွှင့်ပေးတော့မှာဖြစ်ကြောင်းနှင့်အတူ ၎င်းတို့ပါဝင်လာမည့်လုပ်ဆောင်ချက်များနှင့် ဈေးနှုန်းများကို အောက်တိုဘာလ ၁ ရက်နေ့က ကြေငြာပေးခဲ့ပါတယ်။ 

အဆိုပါကြေငြာချက်အရ - Office Home and Student 2021 အတွက် ကန်ဒေါ်လာ ၁၄၉.၉၉ ကျသင့်မှာဖြစ်ပြီး Word, Excel, PowerPoint, OneNote နှင့် Microsoft Teams တို့ကို PC နှင့် Mac အတွက် ရရှိနိုင်မှာဖြစ်ပါတယ်။ 
Office Home and Business 2021 ကိုတော့ ကန်ဒေါ်လာ ၂၄၉.၉၉ အဖြစ် ဈေးနှုန်းသတ်မှတ်ထားပြီး ၎င်းတွင်တော့ PC နှင့် Mac အတွက် Home version တွင်ပါဝင်မည့် လုပ်ဆောင်ချက်များအားလုံးနှင့် Outlook တို့အပြင် Office app များအားလုံးကို စီးပွားရေးလုပ်ငန်းများအတွက် အသုံးချပိုင်ခွင့် မူပိုင်ခွင့်ကိုပါ ရရှိနိုင်မှာ ဖြစ်ပါတယ်။ 

Microsoft မှ အချို့သော Microsoft 365 လုပ်ဆောင်ချက်အချို့ကိုလည်း Office 2021 အတွင်းသို့ထည့်သွင်းပေးခဲ့ပြီး ၎င်းတို့တွင် - Modern Excel features များ၊ အဆင့်မြှင့်တင်ထားတဲ့ PowerPoint နှင့် Office apps များတွင် Office app များအတွင်း ပိုမိုကောင်းမွန်စွာ မှတ်သားမှုများပြုလုပ်နိုင်လာခြင်းတို့နှင့် Outlook translation support အစရှိတဲ့လုပ်ဆောင်ချက်များကိုလည်း တွေ့မြင်ရတော့မှာဖြစ်ပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။