Microsoft acquires Two Hat, a moderation company that helps keep Xbox clean

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

6.11.2021 | Microsoft မှ Two Hat ဟု အမည်ရတဲ့ moderation ကုမ္ပဏီတစ်ခုကို Xbox အတွက်ဝယ်ယူခဲ့ 

Microsoft မှ Two Hat ဟု အမည်ရတဲ့ content moderation provider ကုမ္ပဏီတစ်ခုကို Xbox ပေါ်ရှိ harmful content များကို ဖယ်ရှားပစ်နိုင်ဖို့ရာတွင် အထောက်အကူဖြစ်စေနိုင်ဖို့အတွက် ဝယ်ယူမှုပြုလုပ်ခဲ့တယ်လို့ The Verge မှ သတင်းများအရ သိရှိရပါတယ်။ 

Two Hat ကို လွန်ခဲ့သော ၁၀ နှစ်ခန့်က Disney Interactive Security Specialist ဟောင်းတစ်ဦးဖြစ်သူမှ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး Two Hat ဟာ AI နည်းပညာကိုအသုံးပြု၍ message များ၊ ဓါတ်ပုံများ၊ username များ၊ video များ အစရှိတဲ့ ဘီလျံနှင့်ချီ၍ရှိနေသော လူတစ်ဦးမှ တစ်ဦးသို့ဆက်သွယ်ပြောဆိုမှုများကို အဆင့်အမျိုးမျိုးခွဲခြားသတ်မှတ်၍ filter ပြုလုပ်ပေးနိုင်တဲ့ နည်းပညာကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ လွန်ခဲ့သောနှစ်များအတွင်း Microsoft ဟာ Two Hat နှင့် ပူးပေါင်း၍ ၎င်းတို့ရဲ့ Xbox community များကို ပိုမိုကောင်းမွန်တိုးတက်မှုရှိလာစေရန် လုပ်ဆောင်ခဲ့ကြပြီး ယခုဝယ်ယူမှုနဲ့ ပတ်သက်တဲ့အသေးစိတ်အချက်အလက်များကိုတော့ ထုတ်ဖော်ပြောကြားခြင်းမရှိသေးကြောင်း သိရပါတယ်။ 

“ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းကလည်း Microsoft နဲ့ Two Hat တို့ အတူတကွပူးပေါင်း၍ gaming နယ်ပယ်နှင့် gaming နှင့်မသက်ဆိုင်သော အခြားနယ်ပယ်များတွင်လည်း proactive moderation technology ကို ထည့်သွင်း၍ harmful content များကို ၎င်းတို့ တည်ဆောက်ထားတဲ့ community များအတွင်းရှိ အဖွဲ့ဝင်များထံသို့ မရောက်ရှိမှီတွင် အချိန်မှီရှာဖွေတွေ့ရှိပြီးဖယ်ရှားနိုင်စေဖို့အတွက်” အတူတကွ ပူးပေါင်းဆောင်ရွက်မှုများကို ပြုလုပ်ခဲ့ဖူးပါတယ်” ဟူ၍ Xbox ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများရဲ့ အကြီးအကဲဖြစ်သူ Dave McCarthy မှ ရှင်းလင်းပြောကြားခဲ့ပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။