Meta testing new features to let creators make Money within Horizon Worlds

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

23.4.2022 | Meta မှ ၎င်းတို့ရဲ့ Horizon Worlds အတွင်းတွင် Creator များအနေနဲ့ ငွေကြေးရှာဖွေ၍ရနိုင်စေရန် လုပ်ဆောင်ချက်အသစ်များကို စမ်းသပ်လျှက်ရှိ

Meta မှ Mobile phone များနှင့် game console များတွင် မကြာမှီထွက်ရှိလာတော့မည်ဖြစ်သော Horizon Worlds လို့အမည်ပေးထားတဲ့ Quest VR headset များအတွက် တည်ဆောက်ထားသည့် ကုမ္ပဏီရဲ့ social metaverse platform ကိုအသုံးပြု၍ Creator များအနေနဲ့ ပိုက်ဆံရှာဖွေ၍ရနိုင်ကြစေရန်အတွက် လုပ်ဆောင်ချက်အသစ်များကို စမ်းသပ်လျှက်ရှိနေပြီပဲဖြစ်ပါတယ်။ 

သိသာတဲ့အချက်တစ်ခုကတော့ “အချို့သော Horizon creator များအနေနဲ့ virtual item များနှင့် အခြားသောသူများဝင်ရောက်ကြည့်ရှုနိုင်မယ့် ၎င်းတို့ဖန်တီးတည်ဆောက်ထားတဲ့ကမ္ဘာများအတွင်းရှိ effect များကို ရောင်းချသွားနိုင်တော့မှာဖြစ်ပါတယ်။ ဥပမာအားဖြင့် - Creator များအနေနဲ့ ၎င်းတို့တည်ဆောက်ထားတဲ့ ကမ္ဘာတစ်ခုအတွင်းရှိ VIP များသာဝင်ရောက်နိုင်ခွင့်ရှိမည့်နေရာသို့ ဝင်ရောက်ခွင့်လက်မှတ်၊ အဝတ်အစားများနှင့် ရတနာပစ္စည်း virtual item များ၊ ဒါမှမဟုတ် အထူးပြုလုပ်ထားသည့် basketball များ အစရှိသဖြင့် အရာဝတ္ထုတိုင်းနီးပါးကို ရောင်းချမှုပြုလုပ်သွားနိုင်မှာဖြစ်တယ်လို့ Horizon ရဲ့ product marketing director ဖြစ်သူ Meaghan Fitzgerald ရဲ့ ပြောကြားချက်အရ သိရှိရပါတယ်။ 

ဒါ့အပြင် အမေရိကတိုက်အတွင်းရှိ ပါဝင်ဆင်နွှဲသူများအနေနဲ့ကတော့ မကြာသေးမှီက Meta မှ ဦးဆောင် မတည်မှုပြုလုပ်ထားတဲ့ စုစုပေါင်း ကန်ဒေါ်လာ ၁၀ သန်းတန်ဖိုးရှိသော creator fund မှတဆင့် စိတ်ဝင်စားဖွယ် အကောင်းဆုံးသောကမ္ဘာများကို ဖန်တီးနိုင်သော Creator များကိုလည်း ဆုကြေးငွေများ ချီးမြှင့်သွားဦးမှာဖြစ်တယ်လို့ သိရှိရပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။