Meta’s new Reels video editing tools draw their creator experience closer to TikTok’s

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

16.6.2022 | Meta ရဲ့ Reels video editing tools အသစ်ဟာ ၎င်းတို့ရဲ့ creator experience ကို TikTok နဲ့ ပိုမိုဆင်တူလာစေခဲ့ 

ပြီးခဲ့တဲ့ ဇွန်လ (၂) ရက်နေ့က ရေးသားခဲ့တဲ့ blogpost တစ်ခုပေါ်တွင် Meta မှ ၎င်းတို့ရဲ့ TikTok ကို ပြိုင်ဆိုင်ဖို့ ဖွင့်လှစ်ထားတဲ့ Instagram နဲ့ Facebook ပေါ်ရှိ Reels လို့အမည်ပေးထားတဲ့ platform ပေါ်တွင် creator tools အသစ်များကို ကမ္ဘာတဝှမ်းတွင် အသုံးပြုနိုင်ဖို့အတွက် ထုတ်လွှင့်ပေးလိုက်ပြီဖြစ်တယ်လို့ ကြေငြာသွားခဲ့ပါတယ်။ 

အဆိုပါ Tools အသစ်များဟာ ဗီဒီယိုဖန်တီးသူများကို ၎င်းတို့ရဲ့ တိုတောင်းတဲ့ video (short clips) များကို edit ပြုလုပ်ရန်အတွက် TikTok ကို အသုံးပြုစရာမလိုတော့ပဲ ပိုမိုလွယ်ကူစွာ edit ပြုလုပ်နိုင်စေမှာဖြစ်ပြီး လူအများက Reels ကို အသုံးပြု၍ original content များကို ဖန်တီးလာကြစေရန်အတွက်လည်း အထောက်အကူဖြစ်စေမှာဖြစ်တယ်လို့ သိရှိရပါတယ်။ 

Instagram Reels တွင် အသုံးပြုသူများအနေနဲ့ ၎င်းတို့ရဲ့ အနည်းဆုံး ၅ စက္ကန့်ကြာတဲ့ အသံဖိုင်များကို ၎င်းတို့ရဲ့ camera roll မှ reel video များအတွင်းသို့ ထည့်သွင်းနိုင်တော့မှာဖြစ်ပြီး Reel ဟာ ယခုအခါ စက္ကန့် ၉၀ ခန့်ကြာတဲ့ video များကိုလည်း support ပေးနိုင်ပြီဖြစ်ကာ ၎င်းတို့ဟာ Instagram Stories နဲ့ ဆင်တူတဲ့ poll များ၊ ဉာဏ်စမ်းပုစ္ဆာများနဲ့ emoji များကို support ပေးနိုင်တဲ့ interactive “sticker” များကိုလည်း ထည့်သွင်းပေးခဲ့ပါတယ်။ ဒါ့အပြင် Instagram ဟာ အသုံးပြုသူများကို ၎င်းတို့ကြည့်ရှုခဲ့ဖူးတဲ့ အခြားသော reel များရဲ့ ပုံစံ (pattern) ကို အလွယ်တကူ ပုံတူကူးနိုင်ရန်အတွက် template များကိုလည်း ကျယ်ပြန့်စွာ ထုတ်လွှင့်ပေးလျှက်ရှိနေပြီး ဒါက ရေပန်းစားလာမယ့် meme style များကို ပိုမိုမြန်ဆန်စွာ ပြန့်နှံ့လာစေမှာဖြစ်ပါတယ်။ 

Facebook ရဲ့ iOS နဲ့ Android app များပေါ်တွင် ဖေဖော်ဝါရီလက စတင်ထုတ်လွှင့်ပေးခဲ့ပြီးနောက်မှာတော့ ၎င်းတို့ site ရဲ့ “Creator Studio” တွင်ပါဝင်သော Tool များကို အသုံးပြု၍ Facebook Reels ကို ယခုအခါတွင် PC desktop များတွင် အသုံးပြု၍ရနိုင်ပြီဖြစ်ပါတယ်။ Meta ရဲ့ အဆိုအရ Creator Studio မှတဆင့်အသုံးပြုခြင်းက မတူတဲ့ format အမျိုးမျိုးကို စမ်းသပ်ဖို့လည်း ပိုမို၍လွယ်ကူစေမှာဖြစ်တယ်လို့ သိရပါတယ်။

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။