Meta’s market shares dropped by 25%

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

13.2.2022 | Meta ရဲ့ ဈေးကွက်ရှယ်များများ ၂၅% အထိ ထိုးကျသွားခဲ့ 

Facebook တွင် daily active user များ ကျဆင်းလာခြင်းကို ကြေငြာခဲ့ပြီးနောက်တစ်ရက်ဖြစ်တဲ့ ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် Facebook, WhatsApp, Instagram နှင့် Meta Quest တို့ရဲ့ ပင်ရင်းကုမ္ပဏီဖြစ်သော Meta ရဲ့ ဈေးကွက်ရှယ်ယာဈေးနှုန်းများဟာ ၂၅% အထိ ထိုးကျသွားခဲ့တယ်လို့ သိရှိရပါတယ်။ 

ထိုနေ့က စတော့ရှယ်ယာဈေးကွက်ပိတ်သိမ်းချိန်တွင် ကုမ္ပဏီဟာ ဈေးကွက်တန်ဖိုးအရ ကန်ဒေါ်လာ ဘီလျံ ၂၃၀ ခန့် လုံးဝပျောက်ဆုံးသွားခဲ့ပြီး ဒါဟာ အမေရိကန်ကုမ္ပဏီများရဲ့ သမိုင်းတစ်လျှောက် တစ်နေ့တည်းတွင် ဈေးကွက်တန်ဖိုးဆုံးရှုံးမှုအကြီးမားဆုံးအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။ ထိုနေ့တွင် Meta အပြင် နယူးယောက် စတော့အိပ်ချိန်းဈေးကွက်တွင် ရှိနေသော သူ့ရဲ့ ပြိုင်ဘက်ကုမ္ပဏီများဖြစ်တဲ့ Snapchat နှင့် Twitter တို့ဟာလည်း ရှယ်ယာတန်ကြေးများ ပြုတ်ကျခဲ့ပါတယ်။ 

ယခုအချိန်မှာ CEO Mark Zuckerberg ဟာ “metaverse” အတွက် အစီအစဉ်များကို ပိုမို၍ အာရုံစူးစိုက်လျှက်ရှိနေတဲ့အတွက် လူငယ်များအကြားတွင် Facebook app ကို အသုံးပြုမှုလျော့နည်းလာခြင်းကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ အခက်အခဲများနှင့် ရင်ဆိုင်နေရပြီး မကြာသေးမှီက Apple မှ ၎င်းတို့ရဲ့ ad-privacy policy ကိုလည်း ပြင်ဆင်ပြောင်းလဲခဲ့ပြီး သုံးစွဲသူများကို customer tracking ပြုလုပ်ခြင်းအား ကန့်သတ်လိုက်ပြီလည်းဖြစ်တဲ့အတွက် Meta ရဲ့ ရောင်းအားဟာ နောက်ထပ် ကန်ဒေါ်လာ ၁၀ ဘီလျံထက်မနည်း ဆုံးရှုံးရနိုင်ဖွယ်ရှိသေးတယ်လို့ CFO David Wehner က ပြောကြားခဲ့တယ်လို့လည်း သိရှိရပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။