Meta’s BOD member Peter Thiel will retire from his position

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

19.2.2022 | Meta ရဲ့ ဒါရိုက်တာဘုတ်အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Peter Thiel ၎င်းရဲ့ရာထူးကနေ အနားယူတော့မှာဖြစ်ကြောင်း Meta မှ ကြေငြာချက်ထုတ်ပြန်

ရင်းနှီးမြှုပ်နှံသူတစ်ဦးဖြစ်တဲ့ Peter Thiel ဟာ Meta ရဲ့ ဒါရိုက်တာဘုတ်အဖွဲ့ဝင်တစ်ဦးအဖြစ်ကနေ အနားယူတော့မှာဖြစ်တယ်လို့ The New York Times ရဲ့ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့တဲ့ သတင်းတစ်ပုဒ်အရ သိရှိရပါတယ်။

Meta ကလည်း အဆိုပါသတင်းကို အတည်ပြုခဲ့ပြီး Thiel ဟာ ကုမ္ပဏီရဲ့ နှစ်စဉ်စတော့ရှယ်ယာဝင်အစည်းအဝေးအထိသာ ဆက်လက်၍ တာဝန်ထမ်းဆောင်သွားတော့မှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

The Times သတင်းဌာနရဲ့ အမည်မဖော်လိုတဲ့ သတင်းအရင်းအမြစ်တစ်ဦးရဲ့ ပြောကြားချက်အရ Thiel ဟာ နိုဝင်ဘာလတွင် ကျင်းပမည့် US ကြားဖြတ်ရွေးကောက်ပွဲအတွက် အာရုံစိုက်နိုင်ရန်အတွက် Meta ရဲ့ ဒါရိုက်တာဘုတ်အဖွဲ့ဝင်အဖြစ်က အနားယူခဲ့တာဖြစ်တယ်လို့လည်း သတင်းများထွက်ရှိနေပြီး Thiel နဲ့ Meta CEO Mark Zuckerberg တို့ကတော့ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာကို မှတ်ချက်ပြုလုပ်ခဲ့ခြင်းမရှိသေးပါဘူး။

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။