Meta and Ray-Ban's Stories glasses are adding WhatsApp support

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

25.7.2022 | WhatsApp ကို အထောက်အပံ့ပေးမည့် software ကို Meta နှင့် Ray-Ban တို့ရဲ့ Stories မျက်မှန်များတွင် ထည့်သွင်းလျှက်ရှိနေ 

Meta နှင့် Ray-Ban တို့ရဲ့ Stories မျက်မှန်များတွင် WhatsApp support ကို ထည့်သွင်းပေးလျှက်ရှိနေပြီဖြစ်ပြီး အသုံးပြုသူများအနေနဲ့ ဖုန်းခေါ်ဆိုခြင်းနှင့် text message ပေးပို့ခြင်းများကို hands-free လုပ်ဆောင်ချက်ဖြင့် ပြုလုပ်နိုင်တော့မှာဖြစ်သလို Message များကိုလည်း အသံဖြင့်နားထောင်နိုင်မှာဖြစ်ပါတယ်။ Meta ရဲ့ CEO Mark Zuckerberg ကတော့ အသုံပြုသူများအားလုံးအနေနဲ့ မကြာမှီတွင် WhatsApp နဲ့ Messenger message များကို voice command များဖြင့်လည်း ပြန်ကြားနိုင်မှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ 

ဒီ feature အသစ်များအကြောင်း ဧပြီလအတွင်းရှိ leak တစ်ခုအရ Stories ကို Meta ရဲ့ ဂေဟစနစ်အတွင်း ထည့်သွင်းတည်ဆောက်သွားမှာဖြစ်တယ်လို့ သိရှိရပြီး Meta ဟာ သူတို့ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ virtual/ augmented reality နှင့် social networking ကုမ္ပဏီတစ်ခုဖြစ်လာစေရန်အတွက် ဆက်လက်ဆောင်ရွက်လျှက်ရှိနေပါတယ်။ 

သို့သော်လည်း Stories မျက်မှန်များကို WhatsApp ရဲ့ အဓိကဈေးကွက်များဖြစ်တဲ့ Brazil နိုင်ငံနှင့် India တို့တွင် ရရှိနိုင်ဦးမှာမဟုတ်ပဲ၊ United States, Canada, UK, Ireland, Austria, Belgium, France, Italy, Spain နှင့် Australia အစရှိတဲ့ နိုင်ငံများတွင်သာ ရရှိနိုင်ဦးမှာဖြစ်တဲ့အတွက် ဒီ feature အသစ်များဟာ WhatsApp အသုံးပြုသူများစွာအပေါ် အကျိုးသက်ရောက်မှုအနည်းငယ်သာရှိစေဦးမှာဖြစ်ပါတယ်။

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။