Mercedes recalls nearly 1 million vehicles due to a potential problem in brakes

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

14.6.2022 | ဘရိတ်မကောင်းတဲ့ပြဿနာ ဖြစ်ပွားလာနိုင်ခြေရှိတဲ့ ယာဉ်ပေါင်း ၁ သန်းခန့်ကို Mercedes မှ ပြန်လည်ခေါ်ယူ သိမ်းဆည်းမှုပြုလုပ်ခဲ့ 

ဂျာမဏီနိုင်ငံအခြေစိုက် ကားထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Mercedes-Benz ဟာ ကမ္ဘာတဝှမ်းရှိ ၎င်းတို့ရဲ့ ကားမော်ဒယ်ဟောင်း ၁ သန်းခန့်ကို ၎င်းတို့ရဲ့ ဘရိတ်စနစ်များတွင် ပြဿနာရှိလာနိုင်တဲ့အတွက် ပြန်လည်သိမ်းဆည်းမှုပြုလုပ်ခဲ့ပါတယ်။ 

ဒီပြန်လည်ခေါ်ယူသိမ်းဆည်းမှုဟာ ဂျာမဏီနိုင်ငံရှိ ကားအစီးရေ ၇၀,၀၀၀ အပါအဝင် ကားအစီးရေ စုစုပေါင်း ၉၉၃,၄၀၇ စီးကို အကျိုးသက်ရောက်မှုရှိစေခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်ကလည်း ၎င်းတို့ရဲ့ အရေးပေါ် ဖုန်းခေါ်ဆိုမှုစနစ်တွင် လုံခြုံရေးဆိုင်ရာပြဿနာအချို့ဖြစ်ပွားခဲ့တဲ့အတွက် အလားတူ ပြန်လည်သိမ်းဆည်းမှုမျိုးကို ပြုလုပ်ခဲ့ရပါသေးတယ်။ 

ကုမ္ပဏီရဲ့ ပြောကြားချက်အရ ယခုတခေါက် ပြန်လည်သိမ်းဆည်းမှုပြုလုပ်ခဲ့ရတဲ့ယာဉ်များဟာ ၂၀၀၄ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်အကြားထုတ်လုပ်ခဲ့တဲ့ယာဉ်များဖြစ်ပြီး ၎င်းတို့ရဲ့ ML နှင့် GL စီးရီး SUV များနှင့် R-Class ဇိမ်ခံ minivan များဖြစ်တယ်လို့ သိရှိရပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။