Match Group is suing Google over Android’s in-app payment monopoly

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

25.5.2022 | Match Group မှ Google ကို android ရဲ့ in-app ငွေပေးချေမှုကို လက်ဝါးကြီးအုပ်ထားသည့်အတွက်ဟုဆိုကာ တရားစွဲဆို 

ပေါ်ပြူလာဖြစ်သော dating app များဖြစ်တဲ့ Tinder, Match, နဲ့ OkCupid တို့ကို ဖန်တီးပြုလုပ်ခဲ့တဲ့ Match Group လို့အမည်ရတဲ့ကုမ္ပဏီတစ်ခုဟာ Google ကို ၎င်းတို့ရဲ့ PlayStore ပေါ်တွင် ချမှတ်ထားသော ကန့်သတ်ချက်များပြားလှတဲ့ ငွေပေးချေမှုဆိုင်ရာ စည်းကမ်းချက်တွေကြောင့် တရားစွဲဆိုမှုတစ်ရပ်ကို ပြုလုပ်ခဲ့ပါတယ်။

အဆိုပါ စွဲချက်တွင် Match Group က Google ဟာ “app များကို ဖြန့်ဝေမှုပြုလုပ်သည့်ဈေးကွက်ကို Android platform ပေါ်တွင် app များကို Google ရဲ့ကိုယ်ပိုင် ငွေပေးချေမှုစနစ်ကို မဖြစ်မနေ အသုံးပြုစေခြင်းအားဖြင့် တရားမဝင် လက်ဝါးကြီးအုပ်ထားပြီး အဆိုပါငွေပေးချေမှုများထဲက တစိတ်တပိုင်းကိုရယူလျှက်ရှိနေသည်” ဟူ၍ တိုင်ကြားခဲ့တယ်လို့ သိရှိရပါတယ်။ 

Match Group ရဲ့ complain ပြုလုပ်ခြင်းဟာ ယခင်က Epic Games မှ Apple သို့ ၂၀၂၀ ခုနှစ်တွင် - Apple ဟာ ၎င်းတို့ရဲ့ iOS app store ပေါ်တွင် ကော်မရှင်ခ ၃၀% ကို တောင်းဆိုကောက်ခံနေခြင်းဟာ “အပြိုင်အဆိုင်ဖြစ်မှုကို လျှော့ချသော” အပြုအမူတစ်ခုဖြစ်သည်ဟုဆိုကာ တရားစွဲဆိုခဲ့မှုအပေါ် မှီငြမ်း၍ တရားစွဲဆိုခဲ့ခြင်း ဖြစ်တယ်လို့လည်း သိရှိရပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။