Love gaming?

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

10.3.2020 | ဂိမ်းကစားရတာကို သင်နှစ်သက်ပါသလား?

ဂျပန်နိုင်ငံရှိကုမ္ပဏီတစ်ခုဟာ အထူးပြုလုပ်ထားတဲ့ Gaming bed တစ်မျိုးကိုတီထွင်ခဲ့ပါတယ်။ ၎င်းကို အသုံးပြုခဲ့မယ်ဆိုပါက သင့်အနေနဲ့ အိမ်ထဲကအိမ်ပြင်ထွက်စရာကိုလိုတော့မှာမဟုတ်ပါဘူး။ 

ကမ္ဘာပေါ်တွင် ဂိမ်းကစားသူပေါင်း ၂.၅ ဘီလျံခန့်ရှိပြီး အမေရိကန်၊ တရုတ်နှင့် ဂျပန်တို့ဟာ ဂိမ်းကစားသူဦးရေ အများဆုံးရှိတဲ့နိုင်ငံများဖြစ်ကြပါတယ်။ Video game များဟာ ဖျော်ဖြေရေးများနဲ့ အနားယူမှုပုံစံများကို လုံးဝ ပြောင်းလဲပစ်နိုင်ခဲ့ပါတယ်။ ယခုအခါ ဂျပန်နိုင်ငံဟာ Video game ဆော့တဲ့အစဉ်အလာယဉ်ကျေးမှုကို ဒီ အထူး ပြုလုပ်ထားတဲ့ Gaming bed ကို အသုံးပြုပြီး ပြောင်းလဲပစ်ဖို့အတွက် ကြိုးစားချက်ရှိပါတယ်။ ထိုအရာဟာ အထက်ကပြောခဲ့သလိုပဲ ဂိမ်းကစားသူ (Gamer) များအတွက် ထိုင်ခုံ သို့ ဆိုဖာတစ်ခုမဟုတ်ပဲ လုံးဝကို အပြည့် အဝအလုပ်လုပ်နိုင်တဲ့ အိပ်ယာတစ်ခုဖြစ်ပါတယ်။ 

ဂျပန်လူမျိုး ပရိဘောဂပစ္စည်းထုတ်လုပ်တဲ့ကုမ္ပဏီတစ်ခုဖြစ်တဲ့ Bauhutte က သူတို့ရဲ့ အလွန်အံ့အားသင့်ဖွယ် ကောင်းပြီး ဂိမ်းကစားသူတိုင်းရဲ့ဘဝကို ပိုမိုသဘောကျနှစ်သက်ဖွယ်ဖြစ်စေနိုင်မယ့် ဒီ gaming ပရိဘောဂ ပစ္စည်းနဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။ ထိုအရာတွင် နောက်သို့လှဲချ၍ရသောထိုင်ခုံနှင့် စားပွဲတို့ကိုတွဲလျက်ပြုလုပ် ထားပြီး သင်ဂိမ်းကစားဖို့အတွက် လိုအပ်တဲ့စက်ပစ္စည်းများတင်ရန်နှင့် အခြားဂိမ်းကစားရန်ပစ္စည်းများထည့် သွင်းရန် စင်များ၊ အကန့်ငယ်များလဲပါဝင်ပါတယ်။ သင့်အနေနဲ့ ပိုမိုပြီးလက်တွေ့ကျတဲ့ gaming အတွေ့အကြုံ ကိုရရှိနိုင်ရန်အတွက် စတီယာရင်တိုင် controller ပါဝင်သော အမျိုးအစားကိုလည်း ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ ဒါမှမဟုတ်၊ အပြင်ကမ္ဘာနဲ့ အဆက်အသွယ်ဖြတ်ထားနိုင်ရန်အတွက် အပြင်ဖက်က Tent ပါဝင်တဲ့ပုံစံမျိုးကိုလဲ ရွေးချယ်နိုင်ပါတယ်။ ဒီအရာတွင်ပါဝင်တဲ့ အရာများအားလုံးဟာ ဝယ်ယူထားသင့်တဲ့အရာများဖြစ်ပေမယ့် ကျွန်ုပ် တို့ကိုအဆွဲဆောင်နိုင်ဆုံးကတော့ Gameing bed ပဲဖြစ်ပါတယ်။ 
 

(Unicode)



 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။