Logitech and Tencent are working to create a dedicated Cloud Gaming Handheld  

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

15.8.2022 | Logitech နှင့် Tencent တို့ အတူပူးပေါင်း၍ Cloud Gaming အတွက် သီးသန့် Handheld device တစ်ခုကို ထုတ်လုပ်ရန် ဆောင်ရွက်လျှက်ရှိ 

Logitech G ဟာ Tencent Games နှင့် ပူးပေါင်း၍ ယခုနှစ်နှောင်းပိုင်းအတွင်း dedicated cloud gaming handheld device တစ်ခုကို စတင်ထုတ်လုပ်သွားဖို့ စီစဉ်လျှက်ရှိနေပါတယ်။ အဆိုပါ Hardware အသစ်ဟာ cloud gaming ဝန်ဆောင်မှုများအတွက် ရည်ရွယ်၍ ဒီဇိုင်းရေးဆွဲထားတာဖြစ်ပြီး ပုံမှန်အသုံးပြုနေကျ လက်ကိုင်ခလုတ်များကို ဖုန်းများသို့တပ်ဆင်ဆော့ကစားရခြင်းနဲ့ မတူပဲ Control များတဆက်တည်းပါဝင်မည့် device တစ်ခုကို ထုတ်လုပ်ပေးသွားမှာဖြစ်ပါတယ်။ 

အဆိုပါ Cloud Gaming Handheld ဟာ Xbox Cloud Gaming နှင့် Nvidia ရဲ့ GeForce Now ဝန်ဆောင်မှုများကို အသုံးပြု၍ ရနိုင်စေမှာဖြစ်ပြီး Logitech နှင့် Tencent တို့ဟာ hardware အတွက် Microsoft နှင့် Nvidia တို့နဲ့ အကျိုးတူပူးပေါင်းမှုများကို ဆောင်ရွက်လျှက်ရှိနေပါတယ်။ 

Logitech နှင့် Tencent တို့ဟာ ဩဂုတ်လ (၂) ရက်နေ့တွင် အဆိုပါ device ထုတ်လုပ်သွားရန်ရှိကြောင်းကိုသာ ပြောကြားခဲ့တာဖြစ်ပြီး အဆိုပါကိစ္စနဲ့ပတ်သက်၍ ထုတ်လုပ်ရောင်းချသွားမည့်နေ့ရက်၊‌ ဈေးနှုန်းနဲ့ Cloud Gaming Handheld ရဲ့ ပုံစံတို့ကိုတော့ ထုတ်ဖော်ပြောကြားမှုမပြုလုပ်ရသေးကြောင်း သိရှိရပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။