LinkedIn Announces the Retirement of its LinkedIn Lite App

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

15.2.2022 | LinkedIn မှ ၎င်းတို့ရဲ့ LinkedIn Lite App ကို ဖျက်သိမ်းတော့မှာဖြစ်ကြောင်း ကြေငြာချက်ထုတ်ပြန် 

LinkedIn မှ အင်တာနက်လိုင်းမကောင်းသော ဒေသများမှ အသုံးပြုသူများအတွက် ဒီဇိုင်းရေးဆွဲထားတဲ့ ၎င်းတို့ရဲ့ အပေါ့စား platform – LinkedIn Lite ကို ပိတ်သိမ်းတော့မှာဖြစ်တယ်လို့ ကြေငြာမှုတစ်ရပ်ကို ပြုလုပ်လိုက်ပြီပဲဖြစ်ပါတယ်။ 

LinkedIn Lite ကို ၂၀၁၇ ခုနှစ်တွင် စတင်လွှင့်တင်ခဲ့တာဖြစ်ပြီး ၎င်းတွင် LinkedIn ရဲ့အခြေခံလုပ်ဆောင်ချက်များသာ ပါဝင်မှာဖြစ်ပြီး ပိုမို၍မြန်ဆန်စွာ load ပြုလုပ်နိုင်ရန်နှင့် ဒေတာအကုန်အကျ သက်သာစေရန် ရေးဆွဲထားတဲ့ platform တစ်ခုဖြစ်ပြီး အင်တာနက်လိုင်းကို အကန့်အသတ်ဖြင့် အသုံးပြုနေရသော ဒေသများအတွက် ရည်ရွယ်၍ ထုတ်လုပ်ခဲ့ကြတာပြဖြစ်ပါတယ်။ 

ယခုအခါ ကမ္ဘာ့အင်တာနက်လိုင်းများဟာလည်း ပိုမိုကောင်းမွန်လာခဲ့ပြီဖြစ်တဲ့အတွက် LinkedIn ဟာ ၎င်းတို့ရဲ့ အပေါ့စား platform ကိုပိတ်သိမ်းသွားတော့မှာဖြစ်တယ်လို့ သိရှိရပြီး လက်ရှိတွင် LinkedIn ကိုအသုံးပြုသူစုစုပေါင်း သန်း ၈၁၀ ခန့်ရှိနေပြီဖြစ်ကာ အထူးသဖြင့် အိန္ဒိယ (၂၀၁၉ ခုနှစ်တွင် သန်း ၆၀ မှ ယခု ၈၅ သန်း) ၊ တောင်အာဖရိကတိုက် (အသုံးပြုသူ ၂ သန်းကျော်)၊ ဖိလစ်ပိုင် (အသုံးပြုသူ ၃ သန်းကျော်) နှင့် နိုင်ဂျီးရီးယားနိုင်ငံ (အသုံးပြုသူ ၁ သန်းကျော်) များတွင် LinkedIn ကိုအသုံးပြုသူအရေအတွက်ဟာ ပိုမို၍ တိုးပွားလာခဲ့ပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။