LG confirms they are getting out of the smartphone market

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

7.4.2021 | LG မှ သူတို့ဟာ စမတ်ဖုန်းဈေးကွက်အတွင်းမှ ထွက်ခွာတော့မည်ဖြစ်ကြောင်း အတည်ပြုကြေငြာခဲ့ 

The Verge သတင်းစာမှ သတင်းတစ်ပုဒ်အရ - ဧပြီလ ၄ ရက်နေ့တွင် LG မှ သူတို့ဟာ စမတ်ဖုန်းထုတ်လုပ်ရေးလောကမှ ထွက်ခွာတော့မည်ဖြစ်ကြောင်း ကြေငြာချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့တယ်လို့ သိရှိခဲ့ရပါတယ်။ သတင်းစာရှင်းလင်းပွဲတစ်ခုတွင် LG မှ အဆိုပါဆုံးဖြတ်ချက်ဟာ “ကုမ္ပဏီရဲ့ အရင်းအမြစ်များအား တိုးတက်လျှက်ရှိနေတဲ့နယ်ပယ်များဖြစ်ကြတဲ့ လျှပ်စစ်ကားအစိတ်အပိုင်းထုတ်လုပ်ခြင်းနှင့် ဆက်စပ် စက်ပစ္စည်းများ၊ smart home များ၊ စက်ရုပ်တည်ဆောက်ခြင်း၊ မှတ်ဉာဏ်တု (AI) နှင့် business-to-business solution များအပြင် အခြားသော platform များနှင့် ဝန်ဆောင်မှုများတွင် ပိုမို၍ အာရုံစူးစိုက်မှုပြုလုပ်လာနိုင်စေမှာဖြစ်ကြောင်း” ပြောကြားခဲ့ပါတယ်။ 

လက်ရှိရှိနေသေးတဲ့ဖုန်းများကိုတော့ ဆက်လက်ရောင်းချသွားဦးမှာဖြစ်ပြီး LG ရဲ့ ပြောကြားချက်အရ “သူတို့ရဲ့ထုတ်ကုန်များကို အချိန်ကာလတစ်ခုကြာသည်အထိ ဆက်လက်၍ အထောက်အပံ့ပေးသွားဦးမှာဖြစ်ပြီး ကြာချိန်ကတော့ နေရာဒေသအလိုက် ကွာခြားမှုရှိလာနိုင်ကြောင်း” သိရှိရပါတယ်။ ကုမ္ပဏီမှ ဖြစ်ပေါ်လာနိုင်တဲ့ ဝန်ထမ်းများအား တာဝန်မှရပ်စဲခြင်းနဲ့သက်ဆိုင်တဲ့ကိစ္စရပ်များကိုတော့ “ဝန်ထမ်းခေါ်ယူခန့်အပ်ခြင်းနဲ့သက်ဆိုင်သော အသေးစိတ်အချက်အလက်များကိုတော့ ဒေသနယ်ပယ်အလိုက် ဆုံးဖြတ်သွားမှာဖြစ်ပါတယ်” ဆိုတာကလွဲ၍ အခြားမှတ်ချက်တစ်စုံတစ်ရာပေးခဲ့ခြင်းမရှိသေးပါဘူး။ LG မှ သူတို့အနေနဲ့ လုပ်ငန်းစီးပွားရေးပိတ်သိမ်းမှုအဆင့်ဆင့်ကို ယခုနှစ်ဇူလိုင်လအတွင်း အပြီးဆောင်ရွက်သွားနိုင်ဖို့ရည်မှန်းထားကြောင်းကိုလည်း ပြောကြားခဲ့ပါသေးတယ်။ 

ကုမ္ပဏီရဲ့ လွန်ခဲ့သော ၅ နှစ်အတွင်း စမတ်ဖုန်းလုပ်ငန်းခွဲမှ များစွာသောဆုံးရှုံးမှုများနဲ့ ရင်ဆိုင်ခဲ့ရတဲ့အတွက် LG အနေနဲ့စမတ်ဖုန်းဈေးကွက်မှ ထွက်ခွာသွားနိုင်ကြောင်း ကောလဟာလများထွက်ရှိနေခဲ့သည်မှာအတော်ကြာခဲ့ပြီပဲဖြစ်ပါတယ်။ LG ဟာ ယခင်က တောင်ကိုရီးယားစမတ်ဖုန်းထုတ်လုပ်သူ Samsung နဲ့ ပြိုင်ဘက်များသဖွယ်ရှုမြင်ခဲ့ကြသော်လည်း ယခုအခါတွင်တော့ သူတို့မကြာသေးမှီကထုတ်လုပ်ခဲ့တဲ့ hight-end smartphone များဟာ အပြိုင်အဆိုင်များကြောင့် ထင်သလောက်အကျိုးအမြတ်မဖြစ်ထွန်းခဲ့ရသလို ဈေးသက်သာတဲ့ handset များဟာလည်း တရုတ်ဖုန်းထုတ်လုပ်သူပြိုင်ဘက်များကြောင့် အကြပ်အတည်းထဲကိုရောက်ရှိနေခဲ့ပြီး ရပ်တည်ဖို့ခက်ခဲလာကြောင်း ကျွမ်းကျင်သူများကတော့ ပြောဆိုထားခဲ့ပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။