LG announced its next-generation OLED Technology

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

7.1.2022 | LG မှ ၎င်းတို့ရဲ့ OLED နည်းပညာအသစ်ကို ကြေငြာမှုပြုလုပ်ခဲ့ 

လူကြိုက်များတဲ့ OLED TV အချို့ကို ထုတ်လုပ်သူကုမ္ပဏီတစ်ခုဖြစ်တဲ့ LG ဟာ OLED EX ဟုအမည်ပေးထားတဲ့ ၎င်းတို့ရဲ့ basic panel နည်းပညာကို ပိုမိုတိုးတက်အောင်ပြင်ဆင်မှုများပြုလုပ်နိုင်ခဲ့တယ်လို့ ကြေငြာချက်တစ်ရပ်ကို ပြုလုပ်ခဲ့ပါတယ်။ 

ဒီတိုးတက်ပြောင်းလဲမှုများဟာ အဓိကအားဖြင့် အသေးစားပြောင်းလဲမှု (၂) ရပ်ကြောင့် ရရှိလာတဲ့ ရလာဒ်တစ်ခုဖြစ်ပြီး ပထမပြောင်းလဲချက်ကတော့ - LG ရဲ့ OLED panel များတွင် deuterium လို့ခေါ်တဲ့ ဒြပ်ပစ္စည်းတစ်မျိုးကို ထည့်သွင်းလိုက်ခြင်းဖြစ်ပြီး ဒုတိယပြောင်းလဲသွားတဲ့အချက်ကတော့ - algorithmic image processing ကို ထည့်သွင်းလိုက်ခြင်းပဲဖြစ်ပါတယ်။ LG ရဲ့ ပြောကြားချက်အရ အဆိုပါ algorithmic image processing ဟာ TV အတွင်းမှာရှိတဲ့ light emitting diode (LED) တစ်ခုချင်းစီတိုင်းရဲ့ အသုံးပြုမှုကို သင့်ရဲ့ video ကြည့်ရှုလေ့ရှိတဲ့ အမူအကျင့်အပေါ်မူတည်၍ ကြိုတင်ခန့်မှန်းနိုင်မှာဖြစ်ပြီး “display ရဲ့ energy input ကို တိကျစွာထိန်းချုပ်၍ ကြည့်ရှုနေတဲ့ video content တွင် ပါဝင်တဲ့ အသေးစိတ်ပုံရိပ်များနဲ့ အရောင်များကို တိကျစွာဖော်ဆောင်ပေးနိုင်မှာဖြစ်တယ်” လို့ သိရှိရပါတယ်။ 

ကုမ္ပဏီရဲ့ ပြောကြားချက်အရ အဆိုပါနည်းပညာဟာ အလင်းပမာဏ (brightness) ကို ၃၀% အထိမြှင့်တင်ပေးနိုင်မှာဖြစ်ပြီး ပုံရိပ်များရဲ့တိကျမှုကိုမြှင့်တင်ပေးနိုင်မှာဖြစ်ကာ အသစ်ထုတ်လုပ်သွားမယ့် ထုတ်ကုန်များရဲ့ ဘေးဘောင်များကို ပိုမို၍သေးငယ်လာစေနိုင်ပါတယ်။ LG ရဲ့ ပြောကြားချက်ရ ၎င်းတို့ရဲ့ OLED panel များအားလုံးသို့ အဆိုပါ နည်းပညာကို ၂၀၂၂ ခုနှစ်ရဲ့ ဒုတိယ ၃ လပတ်အတွင်းတွင် စတင်၍ထည့်သွင်းတင်ဆောက်သွားရန် ရည်မှန်းထားတယ်လို့ သိရှိရပြီး အဆိုပါနည်းပညာဟာ သုံးစွဲသူများထံသို့ မည်သည့်အချိန်တွင်မှရောက်ရှိလာနိုင်မလဲဆိုတာကိုတော့ အတိအကျထုတ်ဖော်ပြောကြားခြင်း မရှိသေးပါဘူး။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။