Lenovo Announced The Production Of Yoga Tab 13 Global Version

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

6.7.2021 | Lenovo မှ Yoga Tab 13 ရဲ့ Global Version ကို ထုတ်လုပ်သွားမည်ဖြစ်ကြောင်း ကြေငြာ

Lenovo မှ ယခုနှစ်အစောပိုင်းက တရုတ်နိုင်ငံတွင် ထုတ်လုပ်ဖြန့်ချီခဲ့သော Yoga Tab 13 ရဲ့ Global Version ကို ထုတ်လုပ်ဖြန့်ချီသွားတော့မည်ဖြစ်ကြောင်း ကြေငြာလိုက်ပြီပဲဖြစ်ပါတယ်။ အရွယ်အစားအားဖြင့် ၁၃ လက်မရှိတဲ့ အဆိုပါ Tablet တွင် 1080p ဖြင့် ကြည်လင်ပြတ်သားတဲ့ပုံရိပ်များကို ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ 

Micro HDMI port ပါဝင်လာမှာဖြစ်တဲ့ အဆိုပါ Tablet ကို Laptop အတွက် External display တစ်ခုအနေနဲ့ အသုံးပြုနိုင်သလို Nintendo Switch နှင့် အခြားသော HDMI device များနှင့် ချိတ်ဆက်၍လည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Yoga Tab 13 ၏ ကျောဘက်တွင် 180 ဒီဂရီ လှည့်၍ရနိုင်သော Stand တစ်ခုလည်း ပါဝင်လာမှာဖြစ်တဲ့အတွက် နံရံတွင် ချိတ်ဆွဲထားခြင်း သို့မဟုတ် စားပွဲပေါ်တွင်ထောင်ထားခြင်း တို့ကိုလည်း လုပ်ဆောင်၍ရနိုင်ပါတယ်။ 

Android OS ကို အသုံးပြုထားတဲ့ အဆိုပါ Yoga Tab 13 ဟာ Lenovo ရဲ့ Precision Pen 2 နှင့်လည်း ချိတ်ဆက်၍လည်း အသုံးပြုနိုင်ပြီး Lenovo ရဲ့ “Smarter log-in” နည်းပညာကို အသုံးပြုနိုင်ရန်အတွက် 8 Megapixel ကင်မရာတစ်လုံးကိုလည်း ထည့်သွင်းပေးထားပါတယ်။ ဘက်ထရီသက်တမ်းအားဖြင့်တော့ ၁၂ နာရီကြာ အသုံးပြုနိုင်မှာဖြစ်ပြီး လက်ရှိသတင်းများအရ ဈေးနှုန်းမှာ ကန်ဒေါ်လာ ၆၇၉ ဖြင့် ကြော်ငြာထားလျှက်ရှိနေပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။