Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် အမေရိကန် Department of Justice မှ သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ထုတ်ဖော်ပြောကြားချက်အရ video game console များကို modify ပြုလုပ်နိုင်သည့် mod chip များကို ထုတ်လုပ်ရောင်းချလျှက်ရှိနေသော အဖွဲ့တစ်ခုရဲ့ ခေါင်းဆောင်ဖြစ်သူ Gary Bowser ကို ထောင်ဒါဏ် ၃ နှစ် ၄ လ ချမှတ်ခဲ့ကြောင်း သတင်းရရှိခဲ့ပါတယ်။
Bowser ဟာ Team Xecuter လို့ အမည်ရတဲ့ Nintendo Switch, Nintendo 3DS, NES Classic Edition, Sony PlayStation Classic နှင့် Microsoft Xbox တို့ရဲ့ hack များကို ပြုလုပ်ဖန်တီးတဲ့အဖွဲ့တစ်ခုတွင် ပါဝင်ပတ်သက်နေသူတစ်ဦးဖြစ်ပါတယ်။ သူဟာ သူ့ကို တရားစွဲဆိုမှုပြုလုပ်ထားတဲ့ စွဲချက် (၂) ခုအပေါ် အပြစ်ရှိကြောင်းဝန်ခံခဲ့ပြီး သက်ညှာစဉ်းစားပေးရန်အတွက် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလတွင် အသနားခံစာတင်သွင်းခဲ့ပြီး အဆိုပါ အသနားခံလျှောက်လဲမှုအရ သူဟာ အမေရိကန်တွင်ရှိသော Nintendo ရုံးချုပ်ကို ကန်ဒေါ်လာ ၄.၅ သန်း ပေးဆောင်ဖို့ သဘောတူညီခဲ့တယ်လို့ သိရှိရပါတယ်။
Bowser ကို Dominican Republic တွင် ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလတွင် ဖမ်းဆည်းနိုင်ခဲ့ပြီး အမေရိကသို့ လွှဲပြောင်းပေးအပ်ခြင်းကို ခံခဲ့ရကာ Nintendo မှ စွဲချက်တင်ထားတဲ့ တရားစွဲဆိုမှုအတွက်လည်း ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းတွင် ကန်ဒေါ်လာ ၁၀ သန်းကို ပေးဆောင်ခဲ့ရသေးတယ်လို့ သိရှိရပါတယ်။
သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။