Latest online leaks about the OnePlus 8T: which will come out on OCT 14 as per rumors.

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

1.10.2020 | သတင်းများအရ OCT 14 ရက်နေ့တွင်ထွက်ရှိလာနိုင်သည့် OnePlus 8T အကြောင်း နောက်ဆုံးပေါ်  leak များ

နည်းပညာရူးသွပ်သူအများစုအကြိုက်ဆုံး smartphone တစ်ခုဖြစ်တဲ့ OnePlus 8T ဟာ ဒီနှစ်အောက်တိုဘာလ ၁၄ရက်နေ့မှာ ထွက်ရှိလာတော့မှာဖြစ်တဲ့အကြောင်း ကောလဟာလတွေ ပျံ့နှံ့နေခဲ့တာကြာပြီဖြစ်ပါတယ်။ ဒီ ကောလဟာလတွေအရ အဆိုပါဖုန်းဟာ ဒီဇိုင်းပိုင်းအရ Nord နဲ့ ဆင်တူမှာဖြစ်ပြီး 48-megapixel Sony IMX689 sensor primary lens, 16-megapixel ultra-wide sensor, 5-megapixel macro lens အသစ်နဲ့အတူ 2-megapixel depth sensor/portrait lens အစရှိတဲ့ ကင်မရာ ၄လုံးပါဝင်တဲ့ setup နဲ့ ထွက်ရှိလာမှာဖြစ်ပါတယ်။ 

ထို့အပြင် အဆိုပါဖုန်းဟာ 128GB နဲ့ 256GB အမျိုးအစား ၂ မျိုးထွက်ရှိလာနိုင်ပြီး 8GB နဲ့ 12GB RAM အသီးသီး ပါဝင်လာမှာပဲဖြစ်ပါတယ်။ Processor အနေနဲ့ကတော့ Snapdragon 865/ 865+ အမျိုးအစား processor များကိုအသုံးပြုသွားနိုင်ဖွယ်ရာရှိနေပြီး Display အနေနဲ့ကတော့ 90Hz refresh rate ရှိသော ဖုန်းဖြစ်တဲ့ OnePlus 8 နဲ့ နှိုင်းယှဉ်လျှင် ပိုမိုကောင်းမွန်မှုရှိစေမယ့် 120Hz refresh rate ရှိတဲ့ display ကိုအသုံးပြုသွားမှာ ဖြစ်တယ်လို့ သိရှိရပါတယ်။ ထို့အပြင် ဖုန်းအား 0% မှ 100% အထိကို ၃၉မိနစ်အတွင်း အားအပြည့်သွင်းပေးနိုင် မယ့် 65W Warp charge တစ်ခုလဲ ပါဝင်လာမှာဖြစ်ပြီး USB Type-C ports များကို အသုံးပြုသွားမှာဖြစ်ကာ battery capacity အနေနဲ့ကတော့ 4500mAh ပမာဏရှိတဲ့ battery များကို အသုံးပြုသွားမှာဖြစ်တယ်လို့ ပေါက်ကြားမှုများအရ သိရှိခဲ့ရပါတယ်။ 

ဈေးနှုန်းများအရတော့ နောက်ဆုံးသိရှိရချက်များအရ 8GB/ 128GB ဖုန်းအတွက် ယူရိုငွေ ၆၉၉ (ဒေါ်လာ ၈၁၅ခန့်) နဲ့ 12GB/ 256GB ဖုန်းအတွက် ယူရိုငွေ ၇၉၉ (ဒေါ်လာ ၉၃၀) ခန့်ကျသင့်မှာဖြစ်တယ်လို့ သိရှိခဲ့ရပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။