Japan is funding AI matchmaking to boost birth rate

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

17.12.2020 | ဂျပန်နိုင်ငံတွင် AI အောင်သွယ်တော်များကို အသုံးပြု၍ မွေးဖွားနှုန်းမြှင့်တင်ရေး ဆောင်ရွက်လျှက်ရှိ 

BBC News မှ သတင်းများအရ - ဂျပန်နိုင်ငံအတွင်း ယခင်နှစ်ကမွေးဖွားခဲ့သော ကလေးငယ်ပေါင်း အရေအတွက်ဟာ ၈၆၅,၀၀၀ ဦးအောက်လျော့ကျသွားခဲ့ပြီး ကမ္ဘာပေါ်တွင် လူဦးရေတိုးပွားမှုနှုန်း အနည်းဆုံးများထဲမှ တစ်ခုအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ဂျပန်နိုင်ငံဟာ လူဦးရေတိုးပွားမှုနှုန်းများမြင့်တက်လာစေရန်အတွက် AI အောင်သွယ်တော်များကို အသုံးပြု၍ ဂျပန်နိုင်ငံသူနိုင်ငံသားများအနေနဲ့ ကြင်ယာဖက်ရှာဖွေတွေ့ရှိနိုင်စေရန်အတွက် AI အောင်သွယ်တော်များ တည်ဆောက်ဖို့ကို ထောက်ပံ့ပေးသွားဖို့အကြံအစည်များ ရေးဆွဲလျှက်ရှိနေပါတယ်။ 

ဂျပန်နိုင်ငံတွင် အောင်သွယ်တော်ဝန်ဆောင်မှုများပေးအပ်လျှက်ရှိသော အေဂျင်စီများစွာရှိနေနှင့်ပြီးဖြစ်ကာ အချို့သော ကုမ္ပဏီများဟာ AI စနစ်များကို စတင်မိတ်ဆက်လာကြပြီး ဝန်ဆောင်မှုအသုံးပြုနေသူများအား သူတို့ရဲ့ကိုယ်ရေးအချက်အလက်အသေးစိတ်များကို ဖြည့်သွင်းရာတွင် ပိုမိုရှုပ်ထွေးသောတွက်ချက်မှုများနဲ့ စံနှုန်းများကို ပြုလုပ်နိုင်စေဖို့ရာတွင် ကူညီပေးနိုင်ရန် ပြုလုပ်ပေးလာကြခြင်းများလည်းရှိနေပါတယ်။ ဂျပန်နိုင်ငံ အစိုးရမှလည်း လာမည့်နှစ်တွင် ဂျပန်ယန်းသန်းပေါင်း ၂ ဘီလျံကို ဒေသခံအာဏာပိုင်များကို ထောက်ပံ့ပေးအပ်ကာ AI စနစ်များ ပိုမို၍အောင်မြင်မှုရရှိလာစေရေးအတွက် အကူအညီပေးသွားဖို့ အစီအစဉ်များကို ချမှတ်ရေးဆွဲလျှက်ရှိနေတယ်လို့ သိရှိရပါတယ်။ 

Japan နိုင်ငံရဲ့ Temple University မှ socio-cultural and medical anthropologist တစ်ဦးဖြစ်သူ Sachiko Horiguchi ကတော့ ငယ်ရွယ်သေးတဲ့ အရွယ်ရောက်ပြီးသူ ဂျပန်လူမျိုးများဟာ လစာငွေနည်းပါးမှုများကြောင့် အချစ်ရေးတွင် စိတ်မဝင်စားနိုင်ကြခြင်းဟာ ပိုမို၍ မြင့်မားလျှက်ရှိနေတာကို ထောက်ပြခဲ့ပါတယ်။ “အကယ်၍ Date လုပ်ဖို့ကို စိတ်ဝင်စားမှုမရှိရင် AI အောင်သွယ်တော်များအပေါ် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ခြင်းဟာ ရလာဒ်ကောင်းတွေ ထွက်လာမှာမဟုတ်ပါဘူး” ဟူ၍ Dr. Horiguchi မှ BBC သတင်းဌာနသို့ပြောကြားသွားခဲ့ပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။