Ireland’s Data Protection Commission (DPC) investigate Facebook for “data leakage” of millions of Facebook users

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

16.4.2021 | သန်းပေါင်းများစွာသော Facebook အသုံးပြုသူများရဲ့ အချက်အလက်ပေါက်ကြားမှုကြောင့် Facebook အား Ireland ဒေတာထိန်းသိမ်းရေးကော်မရှင်မှ စစ်ဆေးမှုများပြုလုပ်လျှက်ရှိ

သန်းပေါင်းများစွာသော Facebook အသုံးပြုနေသူတို့ရဲ့ ကိုယ်ရေးအချက်အလက်များပေါက်ကြားခဲ့ခြင်းကြောင့် Facebook အား Ireland Data Protection Commission (DPC) မှ စစ်ဆေးမှုများပြုလုပ်လျှက်ရှိနေကြောင်း BBC News မှ သတင်းတစ်ပုဒ်အရ သိရှိရပါတယ်။ 

အဆိုပါ ပေါက်ကြားခဲ့သော database အတွင်းတွင် လူသန်းပေါင်း ၅၃၀ ခန့်၏ Facebook profile အမည်များ၊ ဖုန်းနံပါတ်များ၊ တည်နေရာအချက်အလက်များနှင့် အခြားသောအချက်အလက်များပါဝင်သွားခဲ့ပြီး အဆိုပါဒေတာများကို အခမဲ့အနေဖြင့် Hacking Forum တစ်ခုတွင်တင်ထားခြင်းခံရတဲ့အတွက် လူအတော်များများရဲ့လက်ထဲသို့ အဆိုပါအချက်အလက်များရောက်ရှိနေနိုင်ပါတယ်။ အချက်အလက်များအရ နိုင်ငံပေါင်း ၁၀၆ နိုင်ငံမှ လူသန်းပေါင်း ၅၃၃ သန်းခန့်ရဲ့အချက်အလက်များပါသွားခဲ့ပါတယ်။ 

ယခုအခါ Ireland နိုင်ငံမှ ဒေတာထိန်းသိမ်းရေးကော်မရှင်အဖွဲ့ဝင်များကတော့ Facebook အား စစ်ဆေးမေးမြန်းမှုများကို ပြုလုပ်လျှက်ရှိနေပါတယ်။ Facebook မှတော့ အဆိုပါ ဒေတာများဟာ ဟောင်းနွမ်းနေပြီဖြစ်ပြီး အဆိုပါအားနည်းချက် (flaw) ကိုလည်း လွန်ခဲ့တဲ့ တစ်နှစ်ခွဲခန့်ကတည်းက ပြင်ဆင်ပြီးဖြစ်ကြောင်း ထောက်ပြခဲ့ပါတယ်။ မည်သို့ပင်ဆိုစေကာမူ အဆိုပါဒေတာအချက်လက်အဟောင်းများ ပေါက်ကြားခြင်းကြောင့် အချို့သော အင်တာနက်လုံခြုံရေးဆိုင်ရာသုသေသနပညာရှင်များကတော့ ပါဝင်နေတဲ့ ဒေတာအချက်အလက်များရဲ့ သဘောသဘာဝအရ အလွန်အမင်းပြောင်းလဲမှုများဖြစ်ထားမှာမဟုတ်တဲ့အတွက် စိတ်ပူပင်ရမယ့်အချက်များရှိနေကြောင်း တုန့်ပြန်ပြောဆိုခဲ့ပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။