iPhones were vulnerable to a Hacking tool called Kismet for months

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

27.12.2020 | Kismet လို့ခေါ်တွင်သော Hacking tool တစ်ခုဟာ iPhone များကို လပေါင်းများစွာကြာသည်အထိ Hack ပြုလုပ်နိုင်စွမ်းရှိနေခဲ့

လွန်ခဲ့သော တစ်နှစ်ခန့်ကပင် အစ္စရေးနိုင်ငံရဲ့ NSO အဖွဲ့တစ်ခုဖြစ်မှ ရောင်းချခဲ့သော spyware တစ်ခုဟာ iMessage ရဲ့ vulnerability တစ်ခုကို အသုံးချပြီး ခြေရာခံမရနိုင်ပဲ ခလုတ်တစ်ချက်နှိပ်လိုက်ရုံနဲ့ iPhone များကို ထိန်းချုပ်၍ရနေခဲ့ပါတယ်။

ပစ်မှတ်ထားခံရသူများရဲ့ iPhones များဟာ အဆိုပါ spyware ထည့်ထားကြောင်းကို သိရှိနိုင်ခြင်းရှိမှာမဟုတ်ပဲ ဒီအရာကို ပစ်မှတ်ထားခံရသူထံသို့ message တစ်စောင်ပေးပို့လိုက်ခြင်းအားဖြင့် ကာယကံရှင်ဘက်မှ အဆိုပါ message ကို click ပြုလုပ်စရာတောင်မလိုပဲ အဆိုပါ spyware ကို ထည့်သွင်းနိုင်မှာဖြစ်သလို Apple ရဲ့ လက်ရှိ နောက်ဆုံးထွက်ရှိထားတဲ့ iOS ဗားရှင်းများနဲ့ပါ အဆိုပါအရာကအလုပ်လုပ်နိုင်စွမ်းရှိနေပါတယ်။

University of Toronto ရဲ့ Citizen Lab မှ သုသေသီများရဲ့ ပြောဆိုချက်အရတော့ “အဆိုပါ “Kismet” ဟု အမည်ပေးထားတဲ့ hacking tool ကို သူတို့တွေ့ရှိခဲ့ပြီးနောက် Kismet ကို Trojan horse ကဲ့သို့ အသုံးပြုပြီး iPhone ရဲ့ လုံခြုံရေးစနစ်များအတွင်းကို ချိုးဖောက်ဝင်ရောက်ဖို့ အသုံးပြုခဲ့တာဖြစ်တယ်လို့ ဆိုထားခဲ့ပါတယ်။ အဆိုပါ Kismet အတွင်းရှိ တစ်ကယ့် စစ်သားများဟာတော့ အဆိုပါ NSO Group မှ ရောင်းချခဲ့တဲ့ အခြား software တစ်ခုဖြစ်တဲ့ Pegasus လို့ခေါ်တဲ့ spyware တစ်ခုဖြစ်ပြီး ထိုအရာက ကြောက်ရွံ့ဖွယ်ရာ အဖျက်စွမ်းအားပြင်းထန်မှုရှိနေပါတယ်ဟူ၍ ဆိုထားခဲ့ပါတယ်။”

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။