Internet knowledge about routers

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

20.10.2020 | Internet Router များအကြောင်း သိကောင်းစရာ

Broadband router ကို restart ပြုလုပ်ပေးခြင်းက မြန်နှုန်းပြဿနာများကို ဖြေရှင်းပေးနိုင်မှာလား? 

အချို့သောအခြေအနေများတွင်တော့ ဒါက ဖြစ်နိုင်ပါတယ်။ Router များဟာ ကွန်ပြူတာအသေးစားများသာဖြစ် တဲ့အတွက် ဒီအရာကို လအတန်ကြာ restart မပြုလုပ်ပဲ အသုံးပြုနေပါက software က reload ပြုလုပ်ဖို့လိုအပ် နေတာဖြစ်နိုင်ပြီး router ကို အပိတ်အဖွင့်ပြုလုပ်လိုက်ခြင်းအားဖြင့် အဆင်ပြေသွားနိုင်ပါတယ်။ 

အဝေးတွင် လျှပ်စီးလက်မှုဖြစ်ပွားခဲ့ရင်တောင်မှ ထိုအရာက DSL signal များကို အနှောင့်အယှက်ပေးနိုင်ပါတယ်။ ဒါကြောင့် သင့်ရဲ့ broadband ဟာ မုန်တိုင်းတိုက်ခတ်နေစဉ်တွင် နှေးကွေးသွားခဲ့ပါက modem ကို restart ပြုလုပ်ပေးလိုက်ခြင်းအားဖြင့် ပြန်လည်ကောင်းမွန်သွားနိုင်ခြေရှိပါတယ်။ 

မှတ်ချက်။    ။ သင်အိမ်ကနေ အပြင်ထွက်တဲ့အခါတိုင်း၊ နေ့တိုင်း သင့်ရဲ့ router ကို မပိတ်ထားပါနဲ့ ADSL2+ နဲ့ FTTC service များတွင် မကြာခဏ broadband router ကို အပိတ်အဖွင့် ပြုလုပ်နေခြင်းကြောင့် remote broadband hardware က အင်တာနက်လိုင်းတည်ငြိမ်မှုမရှိဘူးဟူ၍ ထင်မြင်ယူဆသွားစေနိုင်ပြီး Dyanmic Line Management (DLM) ဟုခေါ်သည့် လုပ်ဆောင်ချက်ကို စတင်သွားစေနိုင်ပြီး လိုင်းကိုပိုမိုတည်ငြိမ်အောင်ပြုလုပ်ရင်းဖြင့် ပိုမို၍ နှေးကွေးသွားစေနိုင်ပါတယ်။ 

အကောင်းဆုံး အကြံပေးချက်။    ။ Extension တစ်ခုချင်းစီတွင်ရှိနေသော သင့်ရဲ့ microfilter များကို စစ်ဆေးပါ။ လူတွေသတိမထားမိကြတဲ့ နောက်ထပ်အချက်တစ်ခုကတော့ တစ်စုံတစ်ယောက်က ဖုန်းကို မတူညီတဲ့ extension တစ်ခုပေါ်သို့ ပြောင်းရွှေ့လိုက်ပြီးနောက် microfilter ကို ပြန်လည်တပ်ဆင်ဖို့ မေ့သွားခြင်း ပါပဲ။ ဒီအရာကြောင့် ADSL2+ နဲ့ VDSL2 များရဲ့ မြန်နှုန်းများကို နှေးကွေးသွားစေနိုင်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ အရာရာတိုင်းဟာ မှန်ကန်စွာတပ်ဆင်ထားမှုရှိရဲ့လား (သို့) ဖုန်းလိုင်းသို့ တပ်ဆင်ထားတဲ့ အရာတိုင်းတွင် microfilter များ တပ်ဆင်ထားရဲ့လားဆိုတာကို အမြဲတမ်းသေချာစစ်ဆေးကြည့်သင့်ပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။