International police effort takes down 'world's most dangerous' malware network

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

9.2.2021 | ကမ္ဘာ့အန္တရာယ်အများဆုံး malware network ကို အပြည်ပြည်ဆိုင်ရာ ပုလိပ်အဖွဲ့ကြီးမှ ဖြုတ်ချနိုင်ခဲ့ 

CNN မှ သတင်းများအရ နိုင်ငံပေါင်းစုံမှ ဥပဒေစိုးမိုးရေးအာဏာပိုင်များစုပေါင်း၍ ကမ္ဘာ့အန္တရာယ်အများဆုံး malware network ကြီးတစ်ခုအား ဖြုတ်ချနိုင်ခဲ့ကြောင်းသိရှိခဲ့ရပါတယ်။ 

Emotet လို့ခေါ်တဲ့အဆိုပါ malware ဟာ user များရဲ့ ကွန်ပြူတာများကို invoice များ၊ shipping notice များနဲ့ COVID-19 သတင်းများအဖြစ် ဟန်ဆောင်ကာ infected email attachment များမှတဆင့် ဝင်ရောက်နိုင်စွမ်းရှိကြောင်းကို အဆိုပါလုပ်ဆောင်ချက်တွင် ပူးပေါင်းပါဝင်ခဲ့သော ဥရောပနိုင်ငံလုံးဆိုင်ရာရဲတပ်ဖွဲ့ Europol မှ ဖေဖော်ဝါရီလ ၃ ရက်နေ့ သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားသွားကြောင်း သိရှိခဲ့ရပါတယ်။ 

Emotet ရဲ့ အခြေခံတည်ဆောက်ပုံဟာ ကမ္ဘာတစ်ဝှမ်းရှိကွန်ပြူတာစနစ်များကို တံခါးဖွင့်ပေးနိုင်စွမ်းရှိသော လုပ်ဆောင်ချက်တစ်ခုအဓိကပါဝင်နေပြီး အဆိုပါ unauthorized access ကို ရရှိသွားတဲ့အခါမှာ အဆိုပါ access ကို အခြားသော ထိပ်တန်းရာဇဝတ်မှုအဖွဲ့အစည်းများသို့ ရောင်းချနေကြောင်းနှင့် ထိုမှတဆင့် အခြား တရားမဝင်သောလုပ်ဆောင်ချက်များဖြစ်တဲ့ ဒေတာများခိုးယူခြင်း၊ ခြိမ်းခြောက်ခြင်းများ အစရှိသည်တို့အား လုပ်ဆောင်လျှက်ရှိနေကြောင်းကိုလည်း Europol မှ ပြောဆိုသွားခဲ့ပါသေးတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။