Interference From Other Wireless Networks

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

18.8.2020 | အခြားကြိုးမဲ့ကွန်ယက် (Wireless Networks) များထံမှနှောင့်ယှက်မှုများ 

သင့်အနီးရှိ အခြားသော wireless network များထံမှ နှောင့်ယှက်မှုများဟာ သင့်ရဲ့ wireless signal တွင် ပြဿနာရပ်များကိုဖြစ်ပွားစေနိုင်ပါတယ်။ အဆိုပါကြားဖြတ်နှောင့်ယှက်မှုတစ်စုံတစ်ရာဖြစ် ပေါ်နေသလားဆိုတာကို ဆုံးဖြတ်သတ်မှတ်နိုင်ရန် Wi-Fi Analyzer for Android ကဲ့သို့သော app များကိုအသုံးပြုနိုင်ပါတယ်။ ၎င်းက အနီးအနားရှိ network များအသုံးပြုနေသည့် wireless channel များကိုပြသပေးနိုင်ပြီး သင့်အသုံးပြုနိုင်ရန်အတွက် အသင့်တော်ဆုံး network ကို ဖော် ညွှန်းပြသပေးနိုင်ပါတယ် - ဤအရာက အခြားများစွာသော network များမှအသုံးပြုမနေတဲ့အရာ တစ်ခုကိုဆိုလိုတာပဲဖြစ်ပါတယ်။ သင်နေထိုင်ရာအနီးလမ်းလျှောက်သွားလာရင်းနှင့်လည်း  ဘယ်နေ ရာများမှာတော့ အကောင်းဆုံး signal ကိုရရှိပြီး၊ ဘယ်နေရမှာတော့ signal ဟာ အားအနည်းဆုံး ဖြစ်တယ်ဆိုတာကိုလည်းပြသပေးနိုင်မှာဖြစ်ပါတယ် - ထိုလုပ်ဆောင်ချက်ကို အခြားသော device များတွင်လည်း အသုံးပြုနိုင်ပါသေးတယ်။ 

အကယ်၍ များစွာသော wireless network များဟာ တူညီတဲ့ channel တစ်ခုကိုသာ အပြိုင်အသုံး ပြုနေပါက ဒါဟာပြဿနာများကိုဖြစ်ပွားနိုင်ပါတယ်။ ဒီအရာကိုပြင်ဆင်နိုင်ဖို့ သင့် router ရဲ့ web interface တွင် wireless channel ကို ပြောင်းလဲလိုက်နိုင်ပါတယ်။ ထိုသို့ပြုလုပ်ဖို့အတွက် သင့်ထံ တွင် wireless-analyzing app တစ်ခုရှိနေဖို့လည်း မလိုအပ်ပါဘူး။ Signal ကို မတူတဲ့ channel တစ်ခုသို့ပြောင်းလဲလိုက်ပြီးနောက် သင့်ရဲ့ wireless connection ဟာ ပိုမိုကောင်းမွန်လာသလား ဆိုတာကို ကြည့်လိုက်ရုံပါပဲ။ 

(Unicode)



သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။