Interference From Household Appliances

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

19.8.2020 | အိမ်သုံးစက်ပစ္စည်းများရဲ့ လိုင်းဆွဲအားကို အနှောင့်အယှက်ဖြစ်စေမှုများ 

အိမ်သုံးစက်ပစ္စည်းများဟာ  ကြိုးမဲ့အင်တာနက်လိုင်းများကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ ထိုအရာများတွင် - ကြိုးမဲ့ဖုန်းများ၊ ကလေးစောင့်ကြည့်ရေးကိရိယာများနှင့် မိုက်ခ်ကရိုဝေ့ဗ်မီးဖိုများ ပါဝင်ပါတယ်။ သင့်ရဲ့ wireless router ကို နေရာချထားသည့်ပုံစံ၊ သင့်ရဲ့ networked device ကိုနေ ရာချထားသည့်ပုံစံနှင့် အခြားအိမ်သုံးပစ္စည်းများကိုနေရာချထားသည့်ပုံစံတို့အပေါ်မူတည်၍ မိုက်ခရို ဝေ့ဗ်မီးဖို (သို့) ကြိုးမဲ့ဖုန်းကိုအသုံးပြုစဉ်မှာ wireless network ပြတ်တောက်သွားခြင်းကိုပင် ဖြစ်ပွားစေနိုင်ပါတယ်။ 

ကြိုးမဲ့ဖုန်းများကြောင့်ဖြစ်ပွားတတ်တဲ့ပြဿနာဟာ သင့်ရဲ့ဖုန်းများကို ကွဲပြားသောလှိုင်းအလျားကို အသုံးပြုတဲ့ဖုန်းများနဲ့အစားထိုးလိုက်ခြင်းအားဖြင့်ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။ ဥပမာ 900 MHz (သို့) 1.9 GHz ကိုအသုံးပြုသည့်ဖုန်းများ။ 2.4 Ghz လှိုင်းအလျားကိုအသုံးပြုသည့်ကြိုးမဲ့ဖုန်းများဟာ wireless network များကိုအနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ 

မိုက်ခရိုဝေ့ဗ်မီးဖိုများကြောင့်ဖြစ်ပေါ်လာတတ်တဲ့ပြဿနာကိုတော့ သင့်ရဲ့မိုက်ခရိုဝေ့ဗ်မီးဖိုနဲ့ အလား တူစက်ပစ္စည်းများဟာ သင့်ရဲ့ router နဲ့ သင်အသုံးပြုမည့် device တို့အကြားရှိမနေစေရန် နေရာချ ထားလိုက်ခြင်းအားဖြင့်ဖြေရှင်းလိုက်နိုင်မှာဖြစ်ပါတယ်။ မိုက်ခရိုဝေ့ဗ်မီးဖိုအသစ်တစ်လုံးကိုဝယ်ယူ လိုက်ခြင်းဟာလည်း (အကယ်၍ ထိုမီးဖိုအသစ်တွင် အကာအရံကောင်းစွာပါဝင်ပါက) ကူညီနိုင်ပါ လိမ့်မယ်။ 

အခြားသောစက်ပစ္စည်းများဟာလည်း ပြဿနာများကိုဖြစ်ပွားစေတတ်ပါတယ်။ ဥပမာ - Bluetooth device အသစ်များဟာ အနီးအနားရှိ Wi-Fi လိုင်းများကို အနှောင့်အယှက်မဖြစ်စေနိုင် သော်လည်း အရင်ကထုတ်လုပ်ခဲ့တဲ့ Bluetooth device များဟာတော့ အနှောင့်အယှက်ပေးနိုင်ပါ တယ်။ 

(Unicode)





သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။