Instagram introduces new parental controls functions – after research shows its detrimental effects on teens

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

25.3.2022 | လေ့လာမှုပြုလုပ်ချက်များအရ Instagram အသုံးပြုခြင်းကြောင့် ဆယ်ကျော်သက်အရွယ်များတွင် ဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်သည့်အတွက် parental controls function များကို Instagram မှ စတင်ထုတ်လွှင့် 

ဒီဇင်ဘာလတွင် Instagram မှ ကြေငြာမှုပြုလုပ်ခဲ့တဲ့ parental controls ဝန်ဆောင်မှုကို အမေရိကတွင် မတ်လ ၁၆ ရက်နေ့မှစတင်၍ launch ြပုလုပ်ခဲ့တယ်လို့ The Verge မှ သတင်းတစ်ပုဒ်အရ သိရှိရပါတယ်။ 

အဆိုပါဝန်ဆောင်မှုရဲ့ အကြီးအကဲဖြစ်သူ Adam Mosseri ကတော့ - အဆိုပါ၊ ကုမ္ပဏီရဲ့ ပထမဆုံးသော parental supervision tools များဟာ မိဘများနှင့် အုပ်ထိန်းသူများကို မိမိတို့ရဲ့ ရင်သွေးငယ်များမှ Instagram ကို အသုံးပြုချိန်များအား စစ်ဆေးကြည့်ရှုနိုင်စေမှာဖြစ်ပြီး ကန့်သတ်ချက်များကို ပြုလုပ်နိုင်စေမှာဖြစ်တဲ့အပြင် ရင်သွေးငယ်များ follow ပြုလုပ်တဲ့ အကောင့်များနဲ့ ၎င်းတို့ကို follow ပြန်လည်ပြုလုပ်လာသူများကိုလည်း စစ်ဆေးကြည့်ရှုနိုင်မှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ 

ဒီ parental control function ကို Instagram ရဲ့ ငယ်ရွယ်သော user များအပေါ်အကျိုးသက်ရောက်မှုရှိလာနိုင်ပုံအား ကုမ္မဏီတွင်းလေ့လာမှုပြုလုပ်ချက်တစ်ခုမှ သတင်းပေါက်ကြားမှုဖြစ်ပွားခဲ့ပြီးနောက်တွင် ထုတ်လွှင့်ပေးခဲ့တာဖြစ်ပြီး အဆိုပါလေ့လာမှုအရ Instagram ကို အသုံးပြုခြင်းဟာ ငယ်ရွယ်သော user များ၊ အထူးသဖြင့် ဆယ်ကျော်သက်မိန်းမပျိုလေးများရဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအခြေအနေအပေါ် ဆိုးရွားသောထိခိုက်မှုများရှိလာစေနိုင်ကြောင်း ပြသလျှက်ရှိနေတဲ့အတွက် ဒီလေ့လာချက်ကို လူအများမှသိရှိသွားပြီးနောက်တွင် Instagram မှ ငယ်ရွယ်သော အသက် ၁၃ နှစ်အောက် ကလေးငယ်များအတွက် ရည်ရွယ်ထုတ်လွှင့်ထားသည့် Instagram version ကိုလည်း ခေတ္တရပ်နားမှုပြုလုပ်ခဲ့ရတယ်လို့ သိရှိရပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။