Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။
Instagram ရဲ့အကြီးအကဲဖြစ်သူ Adam Mosseri မှ မကြာသေးမှီကပြောကြားသွားချက်အရ Instagram ကို ဖန်တီးခဲ့ရခြင်းရဲ့အဓိကရည်ရွယ်ချက်မှာ အသုံးပြုသူများအားလုံးအနေနဲ့ လုံခြုံမှုရှိတယ်လို့ခံစားနိုင်ပြီး မိမိတို့ ဖော်ပြချင်တဲ့အရာများကို ပြစ်တင်ဝေဖန်မှုများ၊ အနှုတ်သဘောဆောင်သော Comment များနဲ့ Cyberbullying ပြုလုပ်ခြင်းများကိုကြောက်ရွံ့နေစရာမလိုပဲဖော်ပြနိုင်စေဖို့ ဖြစ်တယ်လို့ဆိုခဲ့ပါတယ်။
လှောင်ပြောင်သရော်ခြင်းများနဲ့ အလွန်အကျူး abuse ပြုလုပ်ခြင်းများဟာ social media platform တိုင်းတွင် တွေ့ကြုံနေရတဲ့ပြဿနာတစ်ခုဖြစ်ပြီး Instagram မှ ဒီအရာကိုဖြေရှင်းနိုင်ဖို့အတွက်ကို ဦးဆောင်၍ နည်းလမ်းရှာဖွေမှုများကို ပြုလုပ်လျှက်ရှိနေပြီး သိသာထင်ရှားတဲ့ပြောင်းလဲမှုအသစ်များကိုလည်း ပြုလုပ်ပေးခဲ့ပါတယ်။
ယခုအခါ Instagram မှ နောက်ထပ် feature အသစ်တစ်ခုနဲ့စတင်မိတ်ဆက်ပေးလိုက်ပြီဖြစ်ကာ “Restrict” ဟု ခေါ်တွင်မည့် Option တစ်ခုကို ပြီးခဲ့တဲ့အပတ်က ထုတ်လွှင့်ပေးခဲ့ပါတယ်။ အဆိုပါလုပ်ဆောင်ချက်ဟာဆိုရင်တော့ အသုံးပြုသူများအနေနဲ့ သူတို့ရဲ့ post များပေါ်တွင် သူတို့ “Restrict” ပြုလုပ်ထားသူတစ်ဦးမှ comment ပေးလာတဲ့အခါမှာ အဆိုပါ comment ကို ထိုသူတစ်ဦးတည်းမှသာ တွေ့မြင်နိုင်တော့မှာဖြစ်ပါတယ်။ ထို့အပြင် သင့်အနေနဲ့ “See Comment” ကို နှိပ်၍ အဆိုပါ Comment ကို လက်ခံပေးကာအခြားသူများအားလုံးလည်းတွေ့မြင်နိုင်စေရန် ပြုလုပ်ပေးနိုင်သလို ဖျက်ပစ်ခြင်း (သို့) ignore ပြုလုပ်ခြင်းတို့ကိုလည်း ပြုလုပ်နိုင်တော့မှာဖြစ်ပါတယ်။
သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။