India offers incentives to Smartphone /component suppliers in an attempt to boost local production

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

16.10.2020 | India နိုင်ငံက စမတ်ဖုန်းထုတ်လုပ်သူများနဲ့ စမတ်ဖုန်းအစိတ်အပိုင်းထုတ်လုပ်သူများကို incentive များပေးကာ ဒေသတွင်း ကုန်ထုတ်လုပ်မှုမြင့်မားလာစေရန်ဆောင်ရွက်လျှက်ရှိနေ 

Hong Kong (CNN Business) ရဲ့ သတင်းများအရ - အိန္ဒိယနိုင်ငံဟာ ကုမ္ပဏီများကို နိုင်ငံအတွင်း စမတ်ဖုန်း လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ကြရန်အတွက် အကျိုးခံစားခွင့်အသစ်များကို ဝန်ကြီးချုပ် Narendra Modi ရဲ့ အမျှော်အမြင်ရှိလှတဲ့ campign တစ်ခုကိုပြုလုပ်ပြီး ပေးအပ်လျှက်ရှိကာ အိန္ဒိယနိုင်ငံကို ကမ္ဘာပေါ်တွင် နောက်ထပ် ကုန်ထုပ်လုပ်မှုဆိုင်ရာ အချက်အချာနေရာတစ်ခုအဖြစ်သို့ ရောက်ရှိနိုင်စေရန်အတွက် ဆောင်ရွက်လျှက်ရှိသည်ဟု သိရှိရပါတယ်။ 

ဒီ program တွင် စမတ်ဖုန်းများနဲ့ စမတ်ဖုန်းအစိတ်အပိုင်းထုတ်လုပ်သူ ကုမ္ပဏီ ၁၆ ခု ခန့်ပါဝင်မှာဖြစ်ပြီး Samsung (SSNLF), Austria နိုင်ငံရဲ့ AT&S နဲ့ အခြားသော အိန္ဒိယနိုင်ငံတွင်းကုမ္ပဏီများ၊ အဓိက Apple (AAPL) supplier များဖြစ်တဲ့ Foxconn, Wistron နဲ့ Pegatron ကဲ့သို့သောကုမ္ပဏီများလည်း ပါဝင်မှာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံ လျှပ်စစ်ပစ္စည်း၊ သတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီးဌာနမှ ပြောကြားချက်တစ်ရပ်အရ အဆိုပါကုမ္ပဏီများအနေနဲ့ အိန္ဒိယနိုင်ငံအတွင်းတွင်ထုတ်လုပ်သော ကုန်ပစ္စည်းအချို့အတွက် 4% မှ 6% အထိကို ၅နှစ်တာကာလအတွင်း အကျိုးခံစားခွင့်များ ရရှိနိုင်မှာဖြစ်တယ်လို့ သိရှိရပါတယ်။ 

စမတ်ဖုန်းပြုလုပ်သူများအပေါ် အကျိုးခံစားခွင့်များပေးအပ်ဖို့ အိန္ဒိယအစိုးရရဲ့ဆုံးဖြတ်ချက်ဟာ အံ့ဩဖွယ်ရာ တော့ မရှိပါဘူး။ ဘာလို့လဲဆိုတော့ ဒီလုပ်ငန်းဟာ အိန္ဒိယနိုင်ငံအတွင်းတွင် လွန်စွာကြီးထွားလျှက်ရှိနေပြီး အိန္ဒိယနိုင်ငံ Cellular နဲ့ လျှပ်စစ်ပစ္စည်းများဆိုင်ရာအသင်းရဲ့အဆိုအရ ယနေ့ခေတ်တွင် အမေရိကန်ဒေါ်လာ ဘီလျံပေါင်း ၂၃၀ ခန့် တန်ကြေးရှိနေပြီဖြစ်လို့ပါပဲ။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။