India announced to launch Digital Rupee within this year

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

7.2.2022 | ယခုနှစ်အတွင်း Digital ရူပီးငွေကို ထုတ်ပြန်ပေးသွားမှာဖြစ်တယ်လို့ အိန္ဒိယနိုင်ငံမှ ကြေငြာ

တရုတ်နိုင်ငံမှ digital ယွမ်ငွေကိုစတင်စမ်းသပ်မှုများပြုလုပ်နေခြင်းနှင့်အတူ ယခုအခါ အိန္ဒိယနိုင်ငံဟာလည်း ၎င်းတို့ရဲ့ official virtual currency ကို ထုတ်ပြန်သွားတော့မှာဖြစ်တယ်လို့ စတင်ကြေငြာလိုက်ပြီဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံရဲ့ ဘဏ္ဍာရေးဝန်ကြီးဖြစ်သူ Nirmala Sitharaman မှ သူမရဲ့ နှစ်စဉ်ဘဏ္ဍာရေးမိန့်ခွန်းတွင် အိန္ဒိယနိုင်ငံဟာ ၎င်းတို့ရဲ့နိုင်ငံသုံးငွေကြေး ရူပီးငွေရဲ့ digital version ကို ယခုနှစ်အတွင်းမှာ စတင်၍ ထုတ်ပြန်သွားမှာဖြစ်တယ်လို့ပြောကြားခဲ့ခြင်းနှင့်အတူ ဒီဂျစ်တယ်ပိုင်ဆိုင်မှုများမှ ရရှိသည့်ငွေကြေးအပေါ် ဝင်ငွေခွန်ကို ၃၀% သို့ တိုးမြှင့်ကောက်ခံသွားဖို့ကိုလည်း စီစဉ်ထားကြောင်း ပြောကြားခဲ့ပါတယ်။

“ဗဟိုဘဏ်မှထိန်းချုပ်ထားတဲ့ digital currency ငွေကြေးကို စတင်ဖော်ဆောင်ခြင်းဟာ digital စီးပွားရေးများအတွက် ကြီးမားစွာအထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။” “ဒါ့အပြင် Digital currency များဟာ နိုင်ငံသုံးငွေကြေးကို စီမံခန့်ခွဲရာတွင် ပိုမို၍ထိရောက်မှုရှိစေမှာဖြစ်ပြီး ကုန်ကျစားရိတ်ကိုလည်း သက်သာစေနိုင်မှာ ဖြစ်ပါတယ်” ဟူ၍ သူမက ပြောကြားခဲ့တယ်လို့ သိရှိရပါတယ်။

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။